Arc 9.6

3.5K 545 9
                                    

Unicode

ယွဲ့ယောင်နဲ့ချန်းလန်ရဲ့ဆက်ဆံရေးကပိုပိုပြီးတော့တင်းမာလာတာနဲ့အမျှ, ချန်းလန် နဲ့အပြာရောင်စကပ်နဲ့မိန်းကလေးရဲ့ဆက်ဆံရေးကလည်းပိုပိုပြီးတော့နီးကပ်လာတယ် ဒါကယွဲ့ယောင်ကိုပိုပိုပြီးတော့ဒေါသထွက်စေတယ်'သူတို့နှစ်ယောက်ကဖူးစာ ကြိုးနီတွေကိုအချည်ခံထားရတာဆိုတော့တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေနီးကြမှာပဲ.ငါသာသူတို့ဆက်ဆံရေးကိုအမြန်ကိုမဖျက်ဘူးဆိုရင်ချန်းလန်ကသူမကိုလက်ထပ်တော့မှာ'

ချန်းလန်ကအပြာရောင်စကပ်နဲ့မိန်းကလေး, ဝေ့လင်းကို စားသောက်ဆိုင် ဆီခေါ်သွားတယ်ဆိုတဲ့သတင်းကပျံ့သွားပြီးယွဲ့ယောင်ဆီရောက်လာတယ် ယွဲ့ယောင်က ကိုယ့်ကိုယ်ကိုအားပြုပြီးတော့နေပြန်မကောင်းသေးတာတောင်သူတို့ကိုရှာဖို့ထသွားတယ်

ယွဲ့ယောင်က စားသောက်ဆိုင်ရဲ့အပေါက်ဝကိုရောက်တာနဲ့အမြန်ပြေးဝင်သွားတော့ရှီရှန်းကိုတိုက်မိသွားတယ်

''အရှင်မင်းသမီး '' ပိရှီကချင်းကွမ်းကိုထူပေးလိုက်တယ် ရှီရှန်းကတော့သက်ပြင်းချမိတယ်ဇာတ်လိုက်မနဲ့ အရံဆိုတာအမြဲတမ်းတမ်းမတွေ့ချင်လည်းတွေ့ရတဲ့ဆက်ဆံရေးတွေလေ

ယွဲ့ယောင်ကအလျှင်လိုနေတာကြောင့်မို့လို့သူမတိုက်မိတဲ့သူကိုတစ်ချက်တောင်မကြည့်ဘဲနဲ့အပေါ်ကိုပြေးတက်ဖို့လုပ်နေတယ်

ပိရှီက မျက်မှောင်ကြုတ်ပြီးတော့သူမကိုရပ်ဖို့သူ့လူတွေကိုခေါ်လိုက်တယ်

ယွဲ့ယောင်ကဒေါသထွက်သွားတယ်''မင်းတို့တွေဒါဘာလုပ်တာလဲ''သူမရှေ့မှာလူတွေအချို့ကပိတ်ရပ်ထားတယ်

''မင်းကငါတို့မင်းသမီးကိုတိုက်ထားပြီးတော့ဒီတိုင်းထွက်သွားချင်လို့လား''ပိရှီက ပြောတယ်

ယွဲ့ယောင်ကပိရှီကိုသတိပြုမိတဲ့အခါမှာစိတ်ပျက်သွားတယ်'ဘာလို့သူ့ပဲတွေ့နေရတာလဲဟာ'

ယွဲ့ယောင်ကမျက်မှောင်ကြုတ်ပြီးတော့ပြန်ကြည့်တယ်''နင်ကဘာတွေအဲ့လောက်အဖြစ်သည်းနေတာလဲ, နင့်သခင်မကတောင်နင့်ကိုဘာမှမပြောရသေးဘူးမလား,အခုခေတ်မင်းသမီးတွေကအဲ့လောက်တောင်အားနည်းကြတာလား,တိုက်မိတာလေးပဲလေ,ဘာမှထိခိုက်သွားတာမှမဟုတ်တာ "

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now