Arc 7.23

3.8K 638 1
                                    

Unicode

"ငါသူမမြို့ထဲကနေထွက်သွားတာကိုသေချာမြင်လိုက်တာပါ, ဒါပေမဲ့သူမပြန်လာတာကိုမတွေ့မိပါဘူး''

မြို့သခင်ကပေါ်လာလိုက်ပျောက်လိုက်နဲ့သူမကိုရှာကတာကကောင်းကင်ဘုံကိုတက်ဖို့လုပ်ရတာထက်တောင်ခက်ခဲတယ်

"ဒီအချိန်မှာမှ ဂိတ်ကိုပိတ်ခိုင်းနေတယ်,မြို့သခင်ကဘာတွေကြံစည်နေတာပါလိမ့်''

"ပြီးတော့အခုဝင်လာတဲ့သူတွေကလည်းနယ်မြေကိုးပါးကအင်အားကြီးတဲ့သူတွေပဲ,သူတို့ပြဿနာရှာမှမကြောက်ဘူးလားမသိဘူး,ဒါပေမဲ့ဝင်လာရင်လည်းမကောင်းဘူး,ဘယ်လိုပဲဖြစ်ဖြစ်ဒီနယ်မြေကိုးပါကသူတွေကငါတို့ကိုအမြဲတမ်းအထင်သေးပြီးတော့ဆောင့်ကြွားကြွားနေတဲ့သူတွေ...အခုတော့ငါတို့မြို့တော်သခင်ပိတ်ထားတာခံနေရတယ်ပေါ့.....,ဟားဟားဟား,နေရတာအရသာရှိလိုက်တာ''

အခုလောလောဆယ်​လေး​ထောင့်မြို့​တော်မှာရှိနေတဲ့သူ​တွေကရာဇဝတ်ကျူးလွန်ထားလို့ထွက်ပြေးလာတဲ့သူတွေဖြစ်တာ​ကြောင့် နယ်​မြေကိုးပါးကသူတို့တွေဝင်လာရင်ပြဿနာတွေဖြစ်လာနိုင်တယ်

အဲ့ဒါကြောင့်ဒီလေးထောင့်မြို့ထဲကသူတွေကသူတို့ကိုဝင်ခွင့်မပေးချင်တာကပုံမှန်ပဲ

အရင်တုန်းကမြို့သခင်ကဘာမှမပြောမလုပ်ပေးခဲ့တာတာကြောင့်သူတို့ကမုန်းတီးမှုတွေကိုနှလုံးသားတွေထဲမှာပဲသိမ်းထားရတယ်

ချင်လန်ယွဲ့ရဲ့လမ်းကိုပိတ်နေတဲ့သူကစိုက်ကြည့်လိုက်တယ်''ဒီမှာမိန်းကလေး,ငါတို့မြို့သခင်ကတံခါးကိုပိတ်ဖို့အမိန့်ပေးလိုက်ပြီ,အကယ်၍မင်းတို့သာဖြတ်သန်းခမပေးဘူးဆိုရင်ငါတို့ကမင်းကိုကန်ထုတ်ရုံပဲရှိတယ်,အပြင်မှာကလုံခြုံတာမဟုတ်ဘူးနော်...မှော်သားရဲတွေကညဆိုရင်အမဲလိုက်ဖို့ထွက်လာလေ့ရှိကြတယ်''

ဆည်းဆာတောအုပ်ဆိုတာက လေးထောင့်မြို့ရဲ့ဘေးမှာရှိတဲ့တောအုပ်ပဲ အဲ့ဒီတောအုပ်ထားမှာမရေမတွက်နိုင်တဲ့သားရဲတွေရှိတယ်ပြီးတော့တောအုပ်ကိုသွားတဲ့သူတွေကသူတို့အရည်အချင်းကိုစမ်းသပ်ဖို့လောက်ပဲသွားကြတာများတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now