Arc 10.23

3.1K 493 14
                                    

Unicode

ရှီရှန်းက ရှီရင်းကို ဘာလို့ထွက်သွားတာလဲ လို့ မေးမနေဘူး..တချို့အရာတွေက မမေးတာပိုကောင်းတယ်လေ..

'အရင်တုန်းကဘာပဲဖြစ်ခဲ့ပါစေ..အခု လက်ရှိမှာ သူရှိနေရင် အရေးကြီးဆုံးပေါ့..'

ရှီရှန်းတို့ ပြန်လာတော့ ရဲတိုက်ရှေ့မှာ သူမတို့ကို တစ်ယောက်ယောက်စောင့်နေတာကို တွေ့ရတယ်

ရှီရှန်းကို မြင်တော့ သူက အရှေ့ကိုအမြန်တိုးလာတယ် " အရှင့်သမီး..မင်းသားကြီးက အရှင့်သမီးကို လောလောဆယ် မင်းသားရွေ့ရီရဲ့ အိမ်တော်မှာ သွားနေစေချင်ပါတယ်တဲ့.."

ရှီရှန်းက ခေါင်းငြိမ့်လိုက်တယ် "မွေးစားအဖေ အဆင်ပြေတယ်မလား.."

ခဲ့အာက အယောင်ဆောင်မဆီကနေ သတင်းနှိုက်ဖို့ ကြံစည်နေတာမှန်း သူမ သဘောပေါက်တယ်

"စိတ်မပူပါနဲ့..ဒါက မင်းသားမကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး.." အမျိုးသားအစေခံက ရှီရှန်းကိုရိုရိုသေသေဖြေနေရင်းနဲ့ ဘေးမှာရှိနေတဲ့ ရှီရင်းကို မြင်တော့ သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ် "အမ်..အာ..ပြီးတော့ အရှင့်သမီး..မင်းသားကြီးက အရှင့်သမီး မင်းသားရွေ့ရီရဲ့စံအိမ်တော်ကို ရောက်ရင် သူ့ဆီဖုန်းဆက်ဖြစ်အောင်ဆက်ဖို့လည်း မှာလိုက်ပါတယ်.."

"ကောင်းပြီ..အဲ့ဒါဆိုငါတို့ သွားတော့မယ်.."

အစေခံက ရှီရှန်းတို့ ကားလှည့်ဖို့အတွက် နေရာဖယ်ပေးလိုက်ပြီး အရိုအသေပေးရင်းကျန်ခဲ့တယ်

‌ရွေ့ရီမှာ သူ့ကိုယ်ပိုင် စံအိမ်တော်ရှိတယ် အဲ့ဒါက ရဲတိုက်မဟုတ်ပေမယ့် ဗီလာငယ်လေးတစ်ခုပဲ..သူက စံအိမ်မှာ သိပ်ပြီးနေလေ့မရှိဘဲ အချိန်အများစုကို ရဲတိုက်မှာပဲ နေတယ်

ရွေ့ရီမရှိတာကြောင့် ရှီရှန်းလည်း ဗီလာထဲကို သက်တောင့်သက်သာဝင်သွားတယ်

ရှီရင်းက အိမ်ထဲကိုမဝင်ခင် သူ့ဖိနပ်တွေကို အိမ်တွင်းစီး ဖိနပ်တွေနဲ့ လဲနေတာမြင်တော့ ရှီရှန်းက ပြုံးပြီးမေးလိုက်တယ် "ရှင်ကျွန်မနဲ့ လိုက်နေမလို့လား.."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now