Arc 8.16

3.6K 654 6
                                    

Unicode

သူတို့​တွေလုံးဖုန်းကျင်းရဲ့အိမ်ကိုပြန်လာကြတယ် သူတို့အိမ်ရာဝင်းထဲကိုမဝင်ရသေးခင်မှာပဲဖုန်းကျင်းရဲ့အမူအရာကပြောင်းသွားတယ်ပြီးတော့သူ့ဘေးနားကအပူချိန်ကလည်းရုတ်တရပ်ကြီးကျသွားသလိုခံစားရတယ် ရုတ်တရပ်မုန်တိုင်းထန်တော့မဲ့အခြေအနေနီးနီးရောက်လာတယ်

ရှီရှန်းက ဖုန်းကျင်းကိုကြည့်လိုက်တယ်
'ရှင်ကလွန်ခဲ့တဲ့တစ်မိနစ်ကမှအကောင်းကြီးပါဘယ်လိုဖြစ်ပြီးအဲ့လောက်တောင်ပြောင်းလဲသွားရတာလဲ'

ရှီရှန်းက အပေါ်ကိုတက်လာတော့မှဖုန်းကျင်းဘာဖြစ်လို့လူသတ်ချင်စိတ်ပေါက်နေမှန်းသိတော့တယ် သူတို့ရဲ့အိမ်တံခါးကအကျယ်ကြီးဖွင့်ခံထားရပြီးတော့ကျူးကျော်သူတွေကဝင်မွှေသွားတယ်
အထဲမှာပစ္စည်းတွေလည်းရှုပ်ပွနေတာပဲ

ဖုန်းကျင်းကရှုပ်ပွနေတာကိုဂရုမစိုက်ဘဲနဲ့သူ့ရဲ့စာကြည့်ခန်းထဲကိုဝင်သွားတယ်

သူ့ရဲစာကြည့်ခန်းထဲကတံခါးကလည်းအဖွင့်ခံထားရတယ်ဖုန်းကျင်းကရှီရှန်းဝင်လာတာကိုမတားတော့ဘူးဒါပေမဲ့ရှီရှန်းကသူမဝင်လာတဲ့အချိန်တုန်းကစိတ်မသက်မသာခံစားနေရလို့မဝင်တော့ဘဲနဲ့အပြင်ကနေပဲစောင့်ကြည့်နေလိုက်တယ်

အခန်းကမီးရောင်မှိန်မှိန်ပဲရှိပြီးတော့ကလေးကစားစရာတွေနဲ့ရှုပ်ပွနေတယ် ကြမ်းပြင်ပေါ်မှာလည်းအကြွေစေ့လေးတွေသစ်သားဓားလေးတွေအပြင် အလယ်မှာမီးပြင်းဖိုတောင်ရှိနေလိုက်သေးတယ်

ဖုန်းကျင်းက သူ့ရဲ့အခန်းထဲမှာလျို့ဝှက်အခန်းလေးတစ်ခန်းဖွက်ထားပြီးအဲ့ထဲမှာမီးခံသေတ္တာကိုထည့်ထားတယ် ရှီရှန်းချောင်းမကြည့်ခင်မှာဖုန်းကျင်းကသေတ္တာကိုအဲ့ထဲထည့်ပြီးတော့မီးခံသေတ္တာကိုပြန်ပိတ်လိုက်တယ်

ရှီရှန်းကတံခါးကိုမှီပြီးမေးတယ်
''ကျူးကျော်သူတွေကဘာလိုချင်နေတာလဲ''

ဖုန်းကျင်းကမျက်မှောင်ကြုတ်လိုက်ပြီးတော့''အပြင်ဘက်ကိုသန့်ရှင်းရေးလုပ်''

"ကျွန်မကရှင့်အစေခံမဟုတ်ဘူး''ရှီရှန်းကတံခါးကိုတွန်းပြီးဆက်ပြောတယ်''မသွားဘူး,အဲ့လိုမျိုးအသေးအမွှားတွေဘာကိစ္စလုပ်ရမှာလဲ''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now