Arc 5.10

5.3K 818 6
                                    

Unicode

ကောင်မလေးရဲ့ရုပ်ရည်ကလှပ​ပေမယ့်ကံဆိုးတာကသူမရဲ့အမူအရာတွေကတော့​အ​ခြေအ​နေမ​ကောင်းဘဲဒေါသတော်​တော်ကိုထွက်နေပုံ​ပေါ်တယ် ဒါပေမဲ့အဲ့ဒါကသူမရဲ့လှပမှုကိုဖုံးကွယ်မထားနိုင်ဘူး
သူမအတွက်ဘာမှထွေထွေထူးထူးလုပ်စရာမလိုဘဲဒီတိုင်းရပ်နေရုံနဲ့တင်သူမရဲ့အလှကပြီးပြည့်စုံနေတယ်

ဖူချင်းကပန်းတွေကိုသတိပြုမိတဲ့အခါမှာရှီရှန်းကဘာမှမပြောတော့ဘဲနဲ့ထွက်သွားတယ်
'ချီးပဲငရဲလိုပဲ,  ဘယ်တော့မှကွင်းဆက်တာဝန်တွေမရွေးနဲ့သေအောင်ပင်ပန်းတယ်'

တံခါးကပိတ်သွားတဲ့အချိန်မှာအခန်းကတစ်ဖန်ပြန်ပြီးတိတ်ဆိတ်သွားတယ်
ဖူချင်းကစောင်တွေကိုဘေးဖယ်ထားလိုက်ပြီးထလိုက်တယ်
သူကနှင်းဆီပန်းခြင်းတောင်းကြီးဆီကိုသွားပြီးခနလောက်စိုက်ကြည့်နေတယ်

ဦးလေးကျန်းပြန်ရောက်လာတဲ့အခါမှာဆေးရုံရဲ့လူနာဆောင်ကနှင်းဆီပန်းတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရတယ်
သခင်ငယ်လေးကအိပ်ရာအထက်မှာလဲလျောင်းနေပြီးတော့ဖုန်းသုံးနေတယ်သူ့ဘေးပတ်ပတ်လည်မှာလည်းနှင်းဆီပန်းတွေပြန့်ကြဲနေတယ်

'ငါလုပ်တာဆိုလို့အပြင်ထွက်ပြီးစားစရာလေးသွားဝယ်ရုံပါ..အခန်းထဲမှာဘယ်လိုတွေဖြစ်ကုန်တာလဲ'

"ဒီပန်းတွေကဘယ်ကရောက်လာတာလဲ" ဒါပေါ့သခင်လေးကပြန်မဖြေမှာကိုသူသိလို့အစောင့်တွေကိုပဲမေးလိုက်တယ်

"ဒါတွေကိုမမ​လေးပေ့ယူလာတာပါ"
အစောင့်ကအမှန်အတိုင်းပဲဖြေလိုက်တယ်ဦးလေးကျန်းရဲ့အမူအယာကစိတ်ပျက်သွားပုံရတယ်
'သူမကဘာလို့နှင်းဆီပန်းတွေပို့တာလဲ,မဟုတ်မလွဲရောငါတို့သခင်လေးကိုကြိုက်နေတာလား...ငါခွင့်မပြုနိုင်ဘူးသခင်လေးကသူမနဲ့တွဲလို့မဖြစ်ဘူး...သူတို့ကမလိုက်ဖက်ဘူး'

အဲ့နေ့မှာပဲဖူချင်းအတွက်လိုအပ်တာမှန်သမျှကိုဦးလေးကျန်းကစီစဥ်ပေးတယ်
အဲဒါကြောင့်ရှီရှန်းမှာကွင်းဆက်တာဝန်တွေလုပ်စရာမလိုဘူးပေါ့
ရှီရှန်းဆေးရုံဆင်းတဲ့နေ့ကျမှပဲဖူချင်းဆေးရုံကဆင်းသွားတာအတော်ကြာပြီမှန်းသိလိုက်ရတယ်
.....

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now