Arc 8 Extra(ဖုန်းကျင်း)

4.8K 813 38
                                    

Unicode

ငါနဥ်ရင်းဆိုတဲ့မိန်းကလေးကိုပထမဦးဆုံးတွေ့တာကဖုန်းမိသားစုရဲ့ဘိုး​ဘေးခန်းမ​ဆောင်အနောက်မှာရှိတဲ့အိုဟောင်းနေတဲ့အခန်းထဲမှာပေါ့.....ပုံမှန်ဆိုရင်ဒီအခန်းကိုလူတိုင်းဝင်ခွင့်မရှိဘူး

တစ်နေ့ကြတော့ငါ့ကိုဒီအခန်းထဲကိုသွားဖို့တွန်းအားပေးကြတယ် ပြီးတော့အထဲမှာရှိနေတယ်ဆိုတဲ့ပစ္စည်းကိုဂရုတစိုက်ထိန်းသိမ်းဖို့ကငါ့တာဝန်ဆိုတဲ့...

ဟုတ်တယ်, သူတို့ကပစ္စည်းလို့ပြောခဲ့တာ

ပြီးတော့အထဲမှာဘာပဲရှိနေနေသူတို့တွေစိတ်မဝင်စားဘူးအဲ့ဒါကိုဖျက်ဆီးလို့လည်းမရတာကြောင့်ငါ့ကိုပဲအစားသွားထိန်းသိမ်းဖို့ပြောတယ်

ဆွေးမြေ့နေတဲ့တံခါးက ငါဖွင့်လိုက်တဲ့အချိန်မှာ,နည်းနည်းအက်သွားတယ် အထဲမှာကရှင်းလင်းနေတာပဲစားပွဲခုံတစ်လုံးပဲရှိတယ်

စားပွဲပေါ်မှာတင်ထားတာကမီးခွက်တစ်ခုနဲ့ ရေကရားတစ်ခုပဲရှိတယ် ပြီးတော့အဲဒီရေကရားပေါ်မှာအင်းစာရွက်တစ်ခုနဲ့ချိတ်ပိတ်ထားတယ်

ချိတ်ပိတ်ထားတဲ့ပုံစံကရှေးဟောင်းချိတ်ပိတ်နည်းတစ်မျိုးပဲ အဲ့ဒါကြောင့်ငါသေချာမြင်ရအောင်နီးနီးနားနားကိုသွားလိုက်တယ်ရေကယားပေါ်မှာရှိတဲ့အရောင်မှိန်နေပြီဖြစ်တဲ့မင်တံဆိပ်ကိုကြည့်လိုက်တာငါ့အ​ဘေးရဲ့လက်ရာဆိုတာသိသာတယ်

ငါ့ရဲ့ကြီးမြတ်သောအဘေးပေါ့,သူကငါတို့မိသားစုကို ကပ်ဆိုက်ရာကနေကာကွယ်ဘေးပြီးတော့ကယ်တင်ခဲ့တာ..သူကဖုန်းအိမ်တော်အတွက်နောက်ဆုံးသူရဲကောင်းပဲ.....

ငါချိပ်ပိတ်ထားတာကိုထိလိုက်တဲ့အချိန်မှာရေကရားကလှုပ်လာပြီးတော့ကွဲထွက်သွားပြီးအပိုင်းပိုင်းဖြစ်ကုန်တယ်

မီးခိုးငွေ့တွေကရေကယားထဲကနေထွက်လာပြီးတော့မိန်းကလေးတစ်ယောက်ပုံစံပြောင်းသွားတယ်,ပြီးတော့သူမရဲ့မျက်နှာကအရမ်းတွေဒေါသထွက်နေပုံရပြီးငါ့ကိုမြင်တာနဲ့ခုန်အုပ်တော့တယ်ကြည့်ရတာငါ့ကိုသတ်ချင်နေတဲ့ပုံစံပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now