Arc 5.16

5.2K 839 16
                                    

Unicode

'ကလေးထိန်းနေရသလိုပဲ'
ရှီရှန်းက ဒီသခင်​လေးကိုသေတဲ့အထိကန်ပစ်လိုက်ချင်တယ်

"ရေကအရမ်းအေးနေရင်ဒါမှမဟုတ်အရမ်းပူနေသေးရင်မသောက်ချင်ဘူးနော်"

"ပြီးတော့လူအုပ်ထူတဲ့နေရာတွေမှာလည်းလမ်းမလျှောက်ချင်ဘူး"

'...နင်တစ်ခါတည်းကောင်းကင်ဘုံကိုတက်သွားလိုက်ပါတော့လား..'

"ရှောင်ဇီ...,နင်တစ်ခုခုမသောက်ချင်ဘူးလား"
လင်းရင်ကရှီရှန်းကိုရေဘူးတစ်ဘူးကိုင်ပြီးမေးလိုက်ပြီးတော့သစ်ပင်အောက်မှာလဲလျောင်းနေတဲ့သူကိုတစ်ချက်ကြည့်ပြီးအသံကိုနိမ့်ပြီးပြောလိုက်တယ်
"နင်ဘယ်လိုလုပ်ဖူရှောင်းနဲ့သိ​နေတာလဲ,သူက ပြောမနိုင်ဘူးလို့တောင်ကျော်ကြားထားတာမလား"

ရှီရှန်းက ကောင်းကင်ကိုမော့ကြည့်ပြီးပြောတယ်
"ဒါတွေကကံတရားတွေပေါ့,အရင်တုန်းကငါသူများတွေကိုပြဿနာလိုက်ရှာခဲ့သမျှအခုတော့ငါ့ကိုဒုက္ခပေးမဲ့သူပေါ်လာပြီ​လေ".

'ဒါကိုအလှည့်အပြောင်းလို့ပဲခေါ်လိုက်ရမလား'

လင်းရင်ကဖူချင်းကိုကြောက်တယ်
သူမစကားတွေကိုကြားတဲ့အခါမှာဖူချင်းကလှည့်ကြည့်တယ်
လင်းရင်ကကြောက်လို့ရှီရှန်းနောက်မှာရပ်ပြီးပုန်းနေ​ပေမယ့်ဖူချင်းကသူမကိုကြည့်တောင်မကြည့်လိုက်ဘဲရှီရှန်းကိုကြည့်ပြီးအကြည့်ကိုလွှဲလိုက်တယ်

"ရှောင်ဇီနင်တကယ်ပဲခရီးတစ်လျှောက်လုံးသူ့ကိုအဖော်ပြုနေမှာလား"

ဖူချင်းကချိန်ကိုက်ဗုံးလိုပဲ...အကယ်၍ငါသာဆိုရင်သူနဲ့တစ်မီလောက်တောင်နီးအောင်မနေနိုင်ဘူး

"အမ်..."

'ငါဒီလမ်းကိုရွေးမိမှတော့တစ်လမ်းလုံးတွားသွားနေရမယ်ဆိုရင်တောင်ဆက်လုပ်ရမှာပဲ ......ပြီးပြီဆိုတာနဲ့..ငါဒီကောင့်ကိုသတ်ပစ်မယ်'

လင်းရင်ကသူမကို'ကံကောင်းပါစေ' ဆိုတဲ့အအိပ္ပါယ်နဲ့တစ်ချက်ကြည့်ပြီးခပ်မြန်မြန်ထွက်သွားတယ်

ကျောင်းသားတွေကနားလိုက်သွားလိုက်နဲ့ခရီးဆက်ကြပြီးနောက်ဆုံးတော့သူတို့ညမရောက်မှီမှာ နား​နေ​ဆောင်ဆီကိုရောက်ရှိသွားကြတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now