Arc 5.32 End

6.1K 740 43
                                    

Unicode

ရှီရှန်းက လင်းရင်နဲ့​ပေ့ကျဲ့တို့ရဲ့မင်္ဂလာပွဲမှာသတို့သမီးအရံလုပ်​ပေးခဲ့တယ်
အဖြူ​ရောင်သတို့သမီး၀တ်စုံကို၀တ်ဆင်ထားတဲ့လင်းရင်က သူမအ​ရှေ့မှာရပ်ရင်း​တောက်ပစွာပြုံးပြ​နေတယ်
"​​ရှောင်ဇီ...ငါလှရဲ့လား.."
ရှီရှန်းကသူမကိုမျက်စိတစ်ဖတ်မှိတ်ပြလိုက်ပြီး ခန့်ညားစွာပြုံးပြလိုက်တယ် "လှတာ​ပေါ့..ငါ့ရဲ့အားရင်ကဘာ၀တ်၀တ်လှပြီးသား..."

လင်းရင်ကရှက်သွားပြီး ရှီရှန်းကိုမျက်​စောင်းလှလှထိုး​လိုက်တယ် "နင်က​တော့​နော်..ငါ့ကိုအခုချိန်ထိစ​နေတုန်းပဲ.....ဒါနဲ့ နင်​ရော ဖူချင်းနဲ့ ဘယ်​တော့လက်ထပ်မှာလဲ.."

"လက်ထပ်ရမှာလား....ငါ​တော့သူ့ကိုအခုကတည်းက အ​ေ၀းကိုတွန်းထုတ်ချင်​နေပြီ...အ​တော်အလုပ်ရှုပ်တဲ့​ကောင်..."

'သူငယ်နာမစင်တဲ့​​ကောင်နဲ့လက်ထပ်ရမှာဘယ်​လောက်​တောင်ကံဆိုးလဲဆိုတာ နင်မသိနိုင်ပါဘူး..'

လင်းရင် "......"
'လမ်းခွဲ​တော့မယ့် အတွဲလိုဘာလို့​ပြော​နေရတာလဲ'

"အချိန်ကျ​တော့မယ်...သွားစို့..." 
ရှီရှန်းက လင်းရင်ကို မတ်တပ်ရပ်ဖို့ကူ​ပေးလိုက်ရင်း သက်ပြင်းချလိုက်တယ် "အချိန်ကုန်တာ အရမ်းမြန်တာပဲ...နင်​တောင် လက်ထပ်ရပြီ..."

​ခေါင်း​ဆောင်းပု၀ါ​ကြောင့် ရှီရှန်းရဲ့မျက်နှာအမူအရာကိုရှင်းရှင်းလင်းလင်းမမြင်ရ​ပေမယ့် သူမရဲ့အသံကတစ်ဆင့် ခံစားချက်​တွေကို နားလည်နိုင်တယ်

"နင်လည်း လက်ထပ်ရ​တော့မှာပဲ​လေ"
လင်းရင်ကရှီရှန်းရဲ့လက်ကိုဆုပ်ကိုက်လိုက်တယ်

'လက်ထပ်ရမှာလား...စိတ်ကျန်းမာ​ရေးမ​ကောင်းတဲ့​စောက်က​လေးနဲ့ငါ​တော့မယူချင်တာဘူး...'

ဒါ​ပေမယ့် သူမအိမ်ကိုပြန်​ရောပ်​တော့ အိပ်ရာ​ပေါ်မှာ အခန့်သား​နေရာယူထားတဲ့ အနီ​ရောင်စာအုပ်၂အုပ်ကို​တွေ့လိုက်ရတယ်
ရှီရှန်းက အသက်ပြင်းပြင်းရှူပြီး​​မေးလိုက်တယ်
"ဖူချင်း...ဒါ​တွေကဘာ​တွေလဲ.." ရှီရှန်းက စာကြည့်ခန်းထဲကို၀ုန်းဒိုင်းကြဲ၀င်သွားပြီး စာအုပ်​တွေကို ဖူချင်း​ရှေ့မှာပစ်ချလိုက်တယ်
"လက်ထက်စာချုပ်​တွေ​လေ" ဖူချင်းကစာအုပ်ဖုံးကစာလုံး​တွေကိုလက်ညှိုးထိုးပြလိုပ်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now