Arc 7.13

4K 673 8
                                    

Unicode

သူတို့​တွေအပူတပြင်း​ဆွေး​နွေး​နေတဲ့အချိန်မှာနယ်​မြေကိုးပါးခန်းမကလူ​တွေပြန်​ရောက်လာတယ်
ပုကျင်းယွင်ကထို​နေရာမှာရှိ​နေ​သေး၍သူတို့​အကုန်လုံးက​ကျောင်းအပြင်ကိုထွက်မသွားကြသေးဘူး

သက်​တော်​စောင့်က ပုကျင်းယွင်ကိုကြည့်လိုက်ပြီးသူ့သခင်က​အေး​အေး​​ဆေး​ဆေးနဲ့ဘာမှမဖြစ်သလို​နေ​နေတာမြင်ရမှ သက်ပြင်းချနိုင်တယ်
ပုကျင်းယွင်ကသက်​တော်​စောင့်ကိုကြည့်ပြီးအချက်ပြလိုက်တယ်

'ခန်းမသခင်အပြင်ထွက်ပြီးနောက်မှာသူ့ပုံစံဘာလို​တောင်​ပြောင်းလဲသွားတာလဲ'

အကြီးအကဲကမျက်ခုံးက​နေ​တောင်​ချွေးစီး​တွေပြန်လာတယ်
"သူတို့တကယ်ပြန်လာတာပဲ"

သက်​တော်​စောင့်ကအကြီးအကဲကိုစိုက်ကြည့်ပီး​တော့လည်​ချောင်းရှင်းပီး​ပြောလိုက်တယ်
"မင်းတို့​တွေကရလဒ်ကိုလက်မခံမှ​တော့,ပြန်ပြိုင်ကြတာ​ပေါ့"

အကြီးအကဲ,"...."
'မဟုတ်ဘူး,ငါတကယ်မပြိုင်ချင်ဘူး'

ဒီတစ်ကြိမ်မှာ​​တော့,အကြီးအကဲစိုက်ကြည့်လိုက်တဲ့သူကကျုံးရှီရိဖစ်တယ်,
'မင်းနဲ့စတဲ့ပြသာနာ,မင်းရှင်း'

"ကျွန်​တော်ခင်ဗျားနဲ့ရှန်းယောင်ကွမ်းဆက်ဆံ​ရေးသိခွင့်ရမလား"ကျုံးရှီရိကအကြီးအကဲရဲ့သတိ​ပေးတဲ့အကြည့်​တွေကိုလျစ်လျူရှုပီး​တော့​သက်​တော်​စောင့်ကိုမေးလိုက်တယ်

သက်​​တော်​စောင့်ကမျက်​မှောင်ကျုံ့သွားတယ်'ဆက်ဆံရေး,ဟုတ်လား?'ငါဘယ်လိုဖြေရမှာလဲ?ငါတို့ရဲ့ခန်းမသခင်ကိုပြန်​ပေးဆွဲသွားတဲ့သူလည်းဟုတ်တယ်ငါတို့ရဲ့ရန်သူဆိုလည်းဟုတ်တယ်

"ငါကဘာလို့မင်းတို့ကို​ပြောရမှာလဲ,တိုက်မှာလား,မတိုက်ဘူးလား"
သက်​တော်​စောင့်ကလျစ်လျူရှုပီး​ဒေါသနဲ့ဆက်​ပြောတယ်.
"မတိုက်ဘူးဆိုရင်အချိန်ဖြုန်းတာ​တွေရပ်လိုက်​တော့!လူတိုင်းကမင်းလိုအချိန်အား​နေတယ်ထင်​နေလား?"

"လုပ်စမ်းပါအကြီးအကဲ​​ရေ,တိုက်ရ​အောင်!သိက္ခာကျမခံနိုင်ဘူး"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now