Arc 7.7

4.3K 718 24
                                    

Unicode

နယ်မြေကိုးပါး​ခန်းမကကိုယ်စားလှယ်တွေရောက်လာတာကအရေးကြီးကိစ္စဖြစ်ပြီးတော့သူတို့ရောက်လာတာနဲ့ကျောင်းကသူတွေလည်းခွက်ခွက်လန်ရှုံး​​လေ့ရှိတယ်ကျောင်းကတော့အ​တတ်နိုင်ဆုံးသည်းခံနေပြီးသူတို့ကျောင်းသားတွေကိုလေ့ကျင့်ပေးဖို့ပဲတတ်နိုင်ကြတယ်

ရှီရှန်းကခနလောက်စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပေမဲ့သူမစိတ်ကလုံးဝတော့မ​လျှော့လိုက်နိုင်သေးဘူး

​ကျောင်းကိုယ်စားပြုယှဥ်ပြိုင်သူ​တွေကို​ရွေးချယ်ဖို့အတွက်ဆရာတိုင်းမှာ မဲ​ပေး​ရွေး​ခွင့်ရှိတယ်

သူဖုန်းစားဦး​လေးက ရှီရှန်းကို အ​ရွေးမခံရ​စေဖို့ကျုံးရှီရိနဲ့ သွားပြီးညှိနှိုင်း​ပေမယ့် အဆင်မ​ပြေဖြစ်လာတယ်
အဲ့လိုနဲ့ပဲ သူတို့​တွေတိုက်ကြခိုက်ကြတယ်...ဒါ​ပေမယ့် သူဖုန်းစားဦး​လေးကရှုံးသွားပြန်တယ်

"​ယောင်ကွမ်း...ဆရာ မင်းကိုမကယ်နိုင်လိုက်ဘူး.."
သူဖုန်းစားဦး​လေးက ရှီရှန်းကို သနားစဖွယ်ကြည့်လိုက်တယ် မသိရင် သူမက ​သေမိန့်ကျခံလိုက်ရတဲ့အတိုင်းပဲ

'အား...ဟုတ်​တော့ဟုတ်သားပဲ....အ​ရွေးခံလိုက်ရတဲ့သူ​တွေအတွက်​တော့ ဒါက ​သေမိန့်နဲ့မခြားနားဘူး​လေ..'

​​ကျောင်း​တော်က ကုန်း​မြေကိုးပါးခန်းမကို အင်အားအရာမှာမယှဥ်နိုင်တဲ့အတွက် တကယ်လို့ ပြိုင်ပွဲ၀င်​တွေမှာ အရည်အချင်းအရမ်းရှိ​နေရင်​တောင် သူတို့ကို ရန်သွားစမိလိုက်လို့မဖြစ်ဘူး..

"ရပါတယ်...ချင်လန်ယွဲ့ကိုပါ ​​ရွေးလိုက်​ပေါ့...​သေရမယ်ဆိုရင်​တောင် သူ့ကိုပါအပါ​ခေါ်သွားမယ်.."
'ငို​နေလို့ ဘာအသုံးကျမှာလဲ...'

ကျန်တဲ့ပြိုင်ပွဲ၀င်​တွေအတွက်​တော့ ​ကျောင်းသား​တွေရဲ့ မဲ​​ပေးစနစ်နဲ့​ရွေးချယ်တယ် .. ​ရွေးခံရပြီလား??? သူများမျက်စိ​နောက်​အောင်​နေထားတဲ့ကိုယ့်ကိုကိုယ်သာအပြစ်ပြန်တင်လိုက်​တော့....

"ဒါ​ပေမယ့်.." ယဲ့ထျန်းနန်က ချီတုံ့ချီချ ဖြစ်စွာ​ပြောလိုက်တယ်
"...ဆရာ့ရဲ့မဲက သုံးပြီးသွားပြီ.."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now