Arc 9.2

4.6K 1.1K 17
                                    

Unicode

ချန်းလန်ကနန်းတော်ထဲကထွက်လာတဲ့အခါမှာမိန်းကလေးတစ်ယောက်အပြင်ကနေသူ့ကိုစောင့်နေတာကိုတွေ့တယ် သူမကရှေ့ကိုတိုးလာပြီးတော့မေးတယ်''ရှင်တကယ်ပဲမင်းသမီးချင်းကွမ်းကိုလက်ထပ်တော့မှာလား''

"အင်း''

"ဒါပေမဲ့... '' မိန်းကလေးရဲ့နှုတ်ခမ်းတွေကလှုပ်ရှားသွားတယ်ဒါပေမဲ့သူမဘာပြောရမှန်းမသိဘူး
'ချင်းကွမ်းက အဆင့်မြင့်နတ်ဘုရား, ချန်းလန်နဲ့တူတူဖြစ်ရမှာမဟုတ်ဘူး

ဒါပေမဲ့....

ဒါနဲ့ဘာလို့ငါချင်းကွမ်းဆိုတဲ့နာမ်မည်ကိုကြားဖူးနေရတာလဲ,တစ်နေရာရာမှာသေချာပေါက်ကြားဖူးတယ်

ဘယ်နေရာမှာလဲ?'

ချင်းလန်ကသူမကိုထားခဲ့ပြီးတော့လမ်းလျှောက်သွားတယ် အဲ့ဒါကိုတွေ့တော့ယွဲ့​ယောင်က သံသယတွေကိုဖျောက်လိုက်ပြီးတော့သူ့နောက်ကိုလိုက်သွားတယ်'ကြည့်ရတာကိစ္စကငါ့ဘာသာဖြေရှင်းရတော့မှာပဲ'

........

ရှီရှန်းက ဇာတ်လိုက်မကိုသူမနန်းတော်ကိုရောက်တဲ့ဒုတိယညမှာတွေ့တယ်

ဇာတ်လိုက်မကိုကြည့်ရတာသူမကိုသံသယတွေဖြစ်အောင်လုပ်ဖို့အမည်မသိတဲ့နည်းလမ်းတွေရှိနေပုံပဲ သူမကခေါင်းစခြေဆုံးအနက်ရောင်ဝတ်စုံကိုဝတ်ပြီးတော့ ပြတင်းပေါက်ကနေ​ကျော်၀င်လာတယ်

ရှီရှန်းကတော့အိပ်ရာပေါ်မှာယွဲ့ယောင်ရောက်လာမှာကိုစောင့်နေတဲ့ပုံစံနဲ့တင်ပလ္လင်ခွေထိုင်နေတယ်

ယွဲ့ယောင်အခန်းထဲကိုဝင်လာတဲ့အခါမှာအေးစက်တည်ငြိမ်နေတဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရတယ်  ယွဲ့ယောင်ကိုမြင်​နေတောင်မှ တည်ငြိမ်မှုကပျောက်ကွယ်မသွားဘူး

ယွဲ့ယောင်က သူမကိုယ်သူမပြန်ကြည့်လိုက်တယ်'ငါကိုယ်ယောင်မဖျောက်မိတာလား?ဒီမင်းသမီး ချင်းကွမ်းက ဘာလဲဟ, သူမက မမြင်ဖူးတဲ့သူစိမ်းသူမအခန်းထဲကိုဝင်လာတာကိုမြင်ရင်အစောင့်တွေကိုခေါ်ရမယ့်အစားဘာလုပ်နေတာလဲ'

ယွဲ့ယောင်ကသူမသာအပြင်ကအစောင့်တွေကိုအော်ခေါ်ရင်ဘယ်လိုလုပ်ရမလဲအစီအစဥ်ဆွဲပြီးသား...ဒါပေမဲ့သူမပုံစံကတစ်ယောက်ကိုမှခေါ်မဲ့ပုံမပေါ်ဘူး

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now