Arc 5.12

5.3K 869 13
                                    

Unicode
ကျင်း​ရှောင်ယွီနဲ့​ပေ့ကျဲ့တို့က အားကစား၀တ်စုံလာ၀ယ်တာဖြရ်ပြီး စုံတွဲ၀တ်စုံ တစ်တွဲ၀ယ်ပြီးတဲ့အခါမှာ​တော့ ​ငွေရှင်းပြီးထွက်လာခဲ့တယ်
ကျင်း​ရှောင်ယွီကိုကြည့်ရတာ အရမ်း​ပျော်ရွှင်​နေပုံရပြီး ​ ဆိုင်​ရှေ့မှာ​ပေ့ဇီတို့ရပ်​နေတာကို မြင်သွား​တော့ သူမကပဲ ​ပေ့ကျဲ့ရဲ့လက်ကိုဆွဲပြီး ​ခေါ်သွားတယ်

"​ရှောင်ဇီ...နင်တို့လည်း​​ဈေး၀ယ်ထွက်လာကြတာလား...ငါလည်းအစက​တော့ နင်တို့ကိုပါ​ခေါ်မလို့ပါပဲ...ဒါ​ပေမယ့် ကျဲ့ က..."
ကျင်း​ရှောင်ယွီက ရှက်သွားတဲ့ပုံနဲ့ လျှာ​လေးကိုအသာ​လေးကိုက်လိုက်တယ်
အဲ့ဒီအပြုအမူက သူမကိုပိုပြီးချစ်စရာ​​ကောင်းပြီးအပြစ်ကင်းတဲ့ပုံ​ပေါက်သွား​စေတယ်
"ငါနင်တို့ကို ဒီမှာ​တွေ့မယ်လို့မထင်ထားဘူး...ငါတို့တစ်ခုခု သွားစားကြမလား..."

"​ရှောင်ဇီ..ငါတို့မှာ၀ယ်စရာ​တွေအများကြီးကျန်​သေးတယ်...​ပေ့​ရှောင်တို့နဲ့ မုန့်သွားစားဖို့ အချိန်မ​လောက်မှာ ငါစိုးရိမ်မိတယ်..."လင်းရင်က ရှီရှန်းရဲ့အင်္ကျီစကိုဆွဲပြီး တိုးတိုး​လေး​ပြောတယ်

"ကိစ္စမရှိပါဘူး....​ပေ့ကျဲ့ကို နင်တို့ကိုကူညီ​ပေးဖို့ ငါ​ပြော​ပေးပါ့မယ်..."
​ကျင်း​ရှောင်ယွီကပြုံးပြီး​ပြောလိုက်​ပေမယ့် သူမရဲ့အကြည့်တွေထဲမှာ​တော့ ​လှောင်​ပြောင်မှု​တွေအထင်းသား​ပေါ်လွင်​နေတယ်
'​ကျောင်းကလူတိုင်းက ​ပေ့ကျဲ့နဲ့လင်းရင်ကို လိုက်ဖက်တဲ့စုံတွဲ​တွေလို့ပြောကြတယ် ..ဒါ​ပေမယ့် ငါကသာ ​ပေ့ကျဲ့ တကယ်ကြိုက်တဲ့သူပဲ..'

"ငါသ​ဘောမကျတဲ့သူ​တွေနဲ့  တစ်ခုခုစားဖို့စိတ်မပါဘူး..." ရှီရှန်းကခပ်​အေး​အေးပဲပြန်​ပြောလိုက်တယ်

ကျင်း​ရှောင်ယွီကမျက်နှာပျက်သွားပြီး စိတ်မ​ကောင်းဖြစ်​နေတဲ့ပုံနဲ့​ပြောလိုက်တယ်
"​ရှောင်ဇီ...နင်ငါ့ကိုသ​ဘောမကျဘူးလား..ငါ...ငါ..​နင်မကြိုက်တဲ့အချက်ကိုပြောင်းလဲပါ့မယ်.."

​ပေ့ကျဲ့ကလည်း ​သူမရဲ့အ​ဖြေက သူ့အတွက်အ​ရေးကြီး​နေတဲ့ပုံစံနဲ့ ပေ့ဇီကို ကြည့်လိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now