Arc 9.3

4.2K 930 14
                                    

Unicode

ညနက်ကြီးမှာ ချန်းလန်က နန်း​တော်ကို၀င်ဖို့ ဆင့်​ခေါ်ခံခဲ့ရတယ်

ရှီရှန်းက မင်းကြီးသူမကို​ပေးသနားထားတဲ့ ထိုင်ခုံ​ပေါ်မှာ​ဖျော့​တော့စွာထိုင်​နေတယ် ရှီရှန်းရဲ့အ​နောက်မှာရပ်ရနေတဲ့ပိရှီကညီလာခံခန်းမအလယ်မှာဒူး​ထောက်​နေတဲ့မိန်းက​လေးကို​ဒေါသတကြီးစိုက်ကြည့်​နေတယ်

မိန်းက​လေးရဲ့ဒဏ်ရာ​တွေကိုဆေးထည့်လို့ပြီးသွား​ပေမယ့် သူမရဲ့မျက်နှာက အ​တော်​​လေး​ဖျော့​တော့​နေတယ် သူမက ချမ်းလွန်းလို့ ညည်းသံ​တွေထွက်​မလာအောင် နှုတ်ခမ်းကိုကိုက်ထားရတယ်
၀န်ကြီးချုပ်၀တ်ရုံကို၀တ်ထားတဲ့အမျိုးသားကြီးတစ်​ယောက်က သူမ​ဘေးမှာဒူး​ထောက်​နေတယ် သူက ယွဲ့​ယောင်ရဲ့အ​ဖေပဲ..

ဒါက ချန်းလန် ခန်းမထဲကို၀င်၀င်လာချင်း​တွေ့လိုက်ရတဲ့မြင်ကွင်းပဲဖြစ်တယ်

ဒါက သူ ချင်းကွမ်းကို ပထမဆုံးမြင်ဖူးတာပဲ..သူမက နှင်း​မြေ​ခွေးဖြူသား​မွေး၀တ်ရုံကိုခြုံထားပြီး မျက်နှာတစ်ခုလုံးလည်းဖြူ​ဖျော့​နေကာ အလွန်အမင်းထိတ်လန့်​နေပုံ​ပေါ်တယ်  သူမက မျက်လွှာချထားပြီး မျက်​တောင်​လေး​တွေကလည်း တုန်ရီ​နေကာ မကြာသေးခင်ကမှ တစ်​ယောက်​ယောက် တိုက်ခိုက်တာကို ခံထားရပုံ​ပေါ်တယ်

ချန်းလန်က  ကြမ်းပြင်မှာဒူး​ထောက်​နေတဲ့ယွဲ့​ယောင်ကိုကြည့်လိုက်တယ်  သူမကပိုပြီး​တော့​တောင်သနားစရာ​ကောင်း​နေ​သေးတယ် အ၀တ်ပါး​လေးတစ်ထပ်ပဲ၀တ်ထားပြီး ​အေးစက်တဲ့ကြမ်းပြင်​ပေါ်မှာဒူး​ထောက်​နေရရှာတယ်

'သူမ အရမ်းချမ်း​နေ​တော့မှာပဲ!'

ဘာလို့မှန်းမသိ​ပေမယ့် ချန်းလန်က သူ့နှလုံးသားထဲက စိုးရိမ်မှုကိုခံစားလိုက်ရတယ် ဒါ​ပေမယ့် မင်းကြီးအ​ရှေ့မှာဖြစ်လို့ သူ့ခံစားချက်​တွေကိုအရမ်းကြီးထုတ်​ဖော်မိလိုက်လို့မဖြစ်ဘူး..သူက သူကိုယ်တိုင်သိပ်နားမလည်တဲ့ခံစားချက်​တွေကို ပြန်ဖိနှိပ်ထားလိုက်တယ်  သူက​ရှေ့ကိုတစ်လှမ်းတိုးပြီးချန်ဧကရာဇ်ကို အရိုအ​သေပြုလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now