Arc 6.21

3K 539 9
                                    

Unicode

​ရှီရှန်းက ကျောင်းက​နေအိမ်ကိုပြန်​ရောက်တာနဲ့ ဂိမ်းထဲကိုတန်း၀င်လိုက်တယ်  မင်ရည်ရှာ​ဖွေသူကဂိမ်းထဲမှာ​ရောက်နှင့်​နေပြီး သူမကို ဘယ်အချိန်ကတည်းက​စောင့်​နေတာလဲမသိဘူး
မင်ရည်ရှာ​ဖွေသူ : [ ဆက်လုပ်လို့ရပြီလား...? ]
ရှီရှန်း ဂိမ်းထဲကို​ရောက်​ရောက်ချင်းပဲ သူကစာလှမ်းပို့တယ်
မိုင်တစ်​ထောင်​တေးဂီတ : [ အင်း...]

မင်ရည်ရှာ​ဖွေသူကတကယ်​တော်တဲ့ကစားသမားတစ်​ယောက်ဖြစ်တဲ့အပြင် ဒီဂိမ်းကို hackပြီး​ဆော့တဲ့​နေရာမှာ​လည်းကျွမ်းကျင်တဲ့သူဖြစ်တာ​ကြောင့် ရှီရှန်းက hidden questကို ထပ်ပြီးစိတ်မပူ​တော့ဘူး  သူမက မင်ရည်ရှာ​ဖွေသူ​ပြောတဲ့အတိုင်းလိုက်လုပ်​ပေးဖို့ပဲလိုတယ်

ဒါ​ပေမယ့် Questက အရမ်းရှုပ်​ထွေးပြီးပျင်းစရာ​ကောင်းလွန်းတယ် အချိန်အ​တော်ကြာပြီးတဲ့​နောက်မှာရှီရှန်းက စိတ်၀င်စားမှုကုန်ဆုံးသွားပြီး သူမရဲ့characterကို ​ရှေ့ဆက်မသွားခိုင်း​တော့ဘူး

မင်ရည်ရှာ​ဖွေသူလည်း သူ့characterက​ရှေ့ကိုဆက်သွားလို့မရ​တော့မှန်းသတိပြုမိလိုက်မှ ​နောက်ကိုလှည့်ကြည့်လိုက်​တော့ တင်ပလ္လင်​ခွေထိုင်​နေတဲ့ အဖြူ​ရောင်မိန်းက​​​လေးကို​တွေ့လိုက်ရတယ်

သူက သူမကို​ရှေ့ဆက်သွားဖို့တိုက်တွန်းကြည့်​သေးတယ်

မင်ရည်ရှာ​ဖွေသူ : [?]

မိုင်တစ်​ထောင်​တေးဂီတ : [ ပျင်းလာပြီ...ဆက်မလုပ်ချင်​တော့ဘူး ]

မင်ရည်ရှာ​ဖွေသူ : [.......]

မိုင်တစ်​ထောင်​တေးဂီတ : [..ငါအရင်ဆင်းနှင့်ပြီ..တာ့တာ..]

ရှီရှန်းက မင်ရည်ရှာ​ဖွေသူကို ဘာမှပြန်​ပြောခွင့်မ​ပေးဘဲ လိုင်း​ပေါ်က​နေချက်ချင်းဆင်းလိုက်တယ်

ကျီယန်က ဗလာဖြစ်​နေတဲ့ နယ်​မြေနဲ့တစ်​ယောက်တည်းကျန်ခဲ့တဲ့ သူ့ရဲ့characterကိုကြည့်လိုက်ပြီး keyboardကို တဗြန်းဗြန်းရိုက်ပစ်လိုက်တယ်

'ဒီမိန်းမက​တော့!!!!! ငါ​တော့ သူ့စိတ်​နဲ့တင် အသက်တိုလိမ့်မယ် '
သူက ထိုင်ခုံက​နေထလိုက်ပြီး ပြတင်း​ပေါက်က လိုက်ကာ​တွေကိုသွားဖယ်လိုက်တယ်
​နေ​ရောင်ခြည်က အခန်းထဲကို၀င်​ရောက်လာပြီး သူ့ကိုလွှမ်းခြုံသွားတယ်
ကျီယန်က စိတ်အ​နှောက်အယှက်ဖြစ်သွားပုံ​ပေါ်ပြီး လိုက်ကာကိုပြန်ချလိုက်ကာ ခပ်​မှောင်မှောင်အခန်းထဲမှာ စုံချည်ဆန်ချည်​လမ်းလျှောက်​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now