Arc 7.2

4.9K 718 2
                                    

Unicode

ဒီကမ္ဘာရဲ့ကျင့်ကြံခြင်းလမ်းစဥ်ကတခြားကမ္ဘာ​တွေနဲ့တူတူပဲ...သူတို့ရဲ့နာမည်​ပေးတဲ့ပုံစံကသာ ကွဲပြားသွားတာ

အနိမ့်ဆုံးအဆင့်က စိတ်၀ိညာဥ်ကျင့်ကြံသူ​တွေဖြစ်တယ် သူ့အထက်မှာ စိတ်၀ိညာဥ်ဘုရင် ၊ စိတ်၀ိညာဥ် ဧကရာဇ် ၊ စိတ်၀ိညာဥ် ပညာရှိ ၊ စိတ်၀ိညာဥ်သူ​တော်စင် နဲ့ အမြင့်ဆုံး စိတ်၀ိညာဥ်အင်ပါယာတို့ရှိတယ်

ဒီအဆင့်တစ်ဆင့်တိုင်းမှာ အဆင့်ငယ်ခုနစ်ဆင့်ရှိ​သေးတယ်

သူမရဲ့အသက်အရွယ်နဲ့ စိတ်၀ိညာဥ်ဘုရင် တတိယအဆင့်ကို​ရောက်ဖို့ဆိုတာ ရှန့်​ယောင်ကွမ်းက အ​တော်​လေးအရည်အချင်းရှိတယ်လို့ပြောလို့ရတယ် ​တော်ရုံတန်ရုံလူအများစုက သူတို့ဘ၀ကိုစိတ်၀ိညာဥ်ဘုရင် အဆင့်မှာပဲအချိန်ကုန်သွားကြတယ်​လေ  ရှန့်​ယောင်ကွမ်းက အခုမှ ၁၄နှစ်ပဲရှိ​သေးတာ​ကြောင့် သူမရဲ့အနာဂတ်က လင်းလက်​နေတုန်းပဲ

​သေချာတာ​ပေါ့ အဲ့ဒါ​တွေက ဇာတ်လိုက်မ​ပေါ်မလာခင်မှာပဲ​လေ..ဇာတ်လိုက်မ​ပေါ်လာတာနဲ့ရှန့်​ယောင်ကွမ်းရဲ့ဘ၀ကလည်း အထိုးနှက်ခံ သဲအိတ်တစ်လုံးသာသာဖြစ်သွားတော့တယ် 
ရှီရှန်းကလိုက်ကာစကိုမပြီး အပြင်ထွက်လိုက်တယ်
ဖြတ်သွားဖြတ်လာ​တွေကသူမကို​ငေး​မောပြီးကြည့်​နေကြတယ်

'သူတို့​တွေဘာ​တွေ​တွေး​နေကြတာလဲ..ဒီကိုယ်က၁၄နှစ်ပဲရှိ​သေးတာ​နော်..ဘာမှရင်သပ်ရှု​မောအံ့သြ​လောက်စရာ လှပမ​နေ​သေးဘူး...'

"မမ​လေး.."
လူငယ်​လေးတစ်​ယောက်က သူမကိုလာ​ပြောတယ် " လမ်းမှာ လူ​တွေအရမ်းရှုပ်​နေတယ် ကျွန်​တော်တို့ လမ်းရှင်းခိုင်းလိုက်ရမလား.."

ရှီရှန်းကသူ့ကိုလှမ်းကြည့်လိုက်တယ် သူက ရှန့်မိသားစုခွဲက လူရည်ချွန်က​လေး ရှန့်ကျင်းဖြစ်တယ် သူက ရှန့်​ယောင်ကွမ်းနဲ့အ​တော်ရင်းနှီးပြီး မကြာခန အာဏာပြ​လေ့ရှိတယ်

'အများသုံးလမ်း​ပေါ်မှာ လမ်းရှင်းမယ်​​​ပေါ့ ...အဟတ်...'
ရှီရှန်းကဘာမှပြန်​မ​ပြောတာ​ကြောင့် ရှန့်ကျင်းက သူမလက်ခံတယ်လို့ယူဆလိုက်ပြီး လမ်းရှင်းဖို့ ကျန်တဲ့သူ​တွေကိုအချက်ပြလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now