Arc 10.19

2.8K 416 0
                                    

Unicode

'ဒြပ်စင်ငါးပါးပုံဖော်ခြင်း ပဲ!!'

ရှီရင်းက ဒီကမ္ဘာမှာဒီလိုပုံစံမျိုးတွေရလိမ့်မယ်လို့မထင်ထားဘူး
'ငါဒါကိုသာမန်လို့ပဲထင်ခဲ့တာ အားကတော့အတော်ပြင်းသားပဲ,ဒီကမ္ဘာမှာဝိညဉ်စွမ်းအင်ရှိနေမှတော့ ထူးခြားတွေသူတွေရှိနေမှာအမှန်ပဲ'

ဒြပ်စင်ငါးပါးပုံစံဖော် ဖို့အတွက်ဆိုရင်အဲဒီလူက ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်နှစ်ခုလုံးကိုလိုအပ်တယ်

'ဒါပေမယ့်, သူ့တို့ကငါ့ကိုသတ်မယ့်အစားဒီမှာဘာလို့ပိတ်ထားကြတာလဲ,ဘာတုန်း? ငါကသူတို့မသတ်ရက်လောက်အောင်လှပနေလို့လား'

ရှီရှန်း ကသူမဓားကိုမှီနေပြီးသတိပေးတဲ့ပုံစံနဲ့ပြောလိုက်တယ်
"ငါမင်းတို့ကိုမှန်ကန်တဲ့ရွေးချယ်မှုပြုဖို့အခွင့်အရေးတစ်ခေါက်ထပ်ပေးမယ် အနည်းဆုံးတော့ရက်နည်းနည်းပိုနေရတာပေါ့"

"တည်ဆောက်ပုံကိုသွားဖျက်ဆီး" ဓားကိုအမိန့်ပေးလိုက်တယ်

ဇ်ဇ်ဇ်......

"အမ်း, မင်းသဘောပဲ, မလုပ်ရင်ငါတို့ကတော့ဒီထဲမှာတစ်သက်လုံးပိတ်မိနေတော့မှာ"
ရှီရှန်း ကဘေးနားမှာရှိတဲ့စားပွဲခုံပေါ်မှာထိုင်ချလိုက်တယ်

သံမဏိဓားလေး"......"

'သခင်ရာ ဒီလောက်ထိဖြစ်ဖို့လိုလို့လား,အပြင်ကခွေးကောင်တွေကသခင့်အကြောင်းအတင်းတုပ်နေကြတာနော်,ဒီလိုကောင်တွေကိုဆောင့်ကြွားကြွားနိုင်အောင်ဘယ်လိုတောင်ခွင့်ပြုထားတာလဲ'

'သခင်ကရုတ်တရပ်ကြီးသဘောတွေကောင်းနေပါလားဘာလို့လဲမသိဘူး'

အဆုံးမှာတော့လုပ်ချင်စိတ်မရှိတဲ့ဓားလေးဟာအပြင်ဘက်ကိုထွက်သွားပြီးတည်ဆောက်ပုံကိုဖျက်ဆီးပေးတယ်
'သခင့်အနေနဲ့ဆိုဒါကိုဖျက်ဖို့လက်လေးဝှေ့ယုံပဲကို ငါ့ကိုဘာလို့သွားခိုင်းနေတာလဲမသိဘူး'

ဖျက်ဆီးပြီးသွားတဲ့အခါမှအဆောက်အအုံတစ်ခုလုံးနီးပါးကြေမွကုန်ပြီးရှီရှန်းမျက်နှာကဖုန်တွေအပြည့်ကပ်သွားတယ်

ဓားလေးကအေးအေးဆေးဆေးပြန်ဝင်လာတယ်'ပြိုကျတာကတော့တားမရဘူးနော်,ဒါကျွန်တော့်အမှားဟုတ်ဘူး'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now