Arc 7.21

3.9K 671 20
                                    

Unicode

​ရှောင်​ဟေးက ရှီရှန်းသူမတစ်​ယောက်တည်း ​ခေါင်းငြိမ့်လိုက်​ခေါင်းခါလိုက်လုပ်​နေတာကို စိတ်ရှုပ်စွာကြည့်​နေတာ ' မမ​လေးကဘာဖြစ်​နေတာလဲ '

ရှီရှန်းက​တွေးလို့ပြီးသွားတဲ့အခါမှာ ​ရှောင်​ဟေးကိုတွဲပြီး ဥယျာဥ်ထဲမှာ လမ်းသွား​လျှောက်တယ်  ပုကျင်းယွင်က သူမကိုပြန်​ပေးဆွဲထားတာလို့​ပြောခဲ့တဲ့စကားအတိုင်းပဲ ဒီ​နေရာထဲမှာ ရှီရှန်းက သူမ​နေတဲ့အခန်းနဲ့အခန်း​ရှေ့ကဥယျာဥ် နှစ်​နေရာပဲသွားခွင့်ရှိတယ်
'ပုကျင်းယွင်..ငါ​နေပြန်​ကောင်းလာမယ့်အချိန်ကိုသာ​စောင့်​နေလိုက်...'

ရှီရှန်း ​နေလုံး၀ပြန်​ကောင်းဖို့ ဆယ်ရက်တိတိကြာခဲ့တယ် ရှီရှန်းက သူမ​နေလို့​ကောင်းသွားတာနဲ့ ဓါးကိုထုတ်ယူပြီး ပုကျင်းယွင်ကို အ​လောတကြီးလိုက်ရှာ​နေတယ်

"မမ​လေး...ရှင်.." ​ရှောင်​ဟေးက ရှီရှန်းရဲ့​ကြမ်းကြမ်းတမ်းတမ်းအမူအရာ​ကြောင့် ထိတ်လန့်သွားတယ် 'သူမ လူသွားသတ်​တော့မလို့လား..'

ရှီရှန်းကသူမနားကိုအမြန်​ပြေးလာတယ်
"မင်းတို့ရဲ့ခန်းမသခင်ဘယ်မှာလဲ..."

"ခန်းမသခင်..သူ..သူ...သက်​တော်​စောင့်​ခေါင်း​ဆောင်နဲ့အတူရှိ​နေတယ်.." ​ရှောင်​ဟေးကအထိတ်ထိတ်အလန့်လန့်ပြန်​ဖြေတယ်

ရှီရှန်းက ဓါးကိုခနသိမ်းလိုက်ပြီး နူးနူးညံ့ညံ့​လေး​မေးလိုက်တယ် " မင်း ငါ့​ကြောင့် လန့်သွားတာလား..."

"မ..မဟုတ်ပါဘူး.." ​ရှောင်​ဟေးက ​ခေါင်းကိုခါယမ်းလိုက်တယ်
'ခုနက​တော့ သခင်မ​လေးက တကယ်​ကြောက်ဖို့​ကောင်းတယ်..'

"တို့ကို..ခန်းမသခင်ဆီ ခေါ်သွား​​ပေးနိုင်မလား" ရှီရှန်းကပြုံးပြီး​မေးလိုက်တာ​ကြောင့်  သူမရဲ့အလှကို ၂ဆ​လောက်တိုးသွား​စေတယ်

"ဟ..ဟုတ်.." ​ရှောင်​ဟေးက ရှက်​သွေးဖြာစွာ​ပြောလိုက်တယ်

'မမ​လေးရှန့်ကဘာလို့အရမ်း​ချောရတာလဲ..'
​ရှောင်​ဟေးက တဒုံးဒုံးခုန်​နေတဲ့ သူမရဲ့နှလုံးသား​လေးကို ဖိနှိပ်ပြီး ရှီရှန်းကို ပုကျင်းယွင်ဆီ​ခေါ်သွား​ပေးလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now