Arc 9.14

2.9K 503 12
                                    

Unicode

လမ်းတစ်လျှောက်မှာသုန်းကျင်းကလူသတ်ပြီးဆက်လျှောက်တယ် ရှီရှန်းကတော့ငတုံးတစ်သိုက်ဆီကနေပြီးတော့ထွက်ပေါက်ဘယ်မှာလဲဆိုတာသိလိုက်ရတယ်
သုန်းကျင်းကမဟာကန္တာရမှာရှိနေတဲ့အသက်ရှိတဲ့အရာအကုန်လုံးနီးပါးလိုက်သတ်နေတယ်

Systemကသူမကိုခနခနအသိတွေပေးနေပေမဲ့ရှီရှန်းကလျစ်လျူရှုပြီးမကြားချင်ယောင်ဆောင်နေတယ်'ဟင်း, သူ့ဘာသာလူသတ်ချင်တာသတ်ပါစေပေါ့, ကိုယ့်ရည်မှန်းချက်ကိုအောင်မြင်အောင်လုပ်ရတာဘယ်လောက်တောင်ခက်ခဲလဲမသိဘူးလား'

ရှီရှန်းက သုန်းကျင်းကိုမဟာကန္တာရမြို့တော်မှာလုပ်ချင်တာလုပ်ဖို့အတွက်ခွင့်ပြုပေးထားပြီးတော့ကောင်းကင်ဘုံကိုပြန်လာဖို့လုပ်တယ်

ဒါပေမဲ့.....

'ဘာလို့ဒီကောင်စုတ်တွေကငါ့နောက်ကိုလိုက်နေရတာတုန်း'

"အူး...အူး..ဘောစ့်ကျွန်တော်တို့ကိုစောင့်ပါဦး,ငါမှီတော့မယ်ဝေး''

"ဘောစ့်ကျွန်တော်ပျံနိုင်တယ်သီလားဒီမှာကြည့်ကြည့်''

"မတိုးနဲ့လေ, အူးဝူးး....ဟူး...ဟူးး''

ရှီရှန်းက သူမအရှိန်ကိုမြင့်ပြီးတော့ဒီအရူးတစ်သိုက်ဆီကနေမြန်မြန်ဆန်ဆန်ထွက်လာခဲ့တယ်
....

ကောင်းကင်ဘုံတွင်

"အဆင့်မြင့်နတ်ဘုရား ချင်းကွမ်း'' ကောင်းကင်ဘုံသားလေးတွေကရှီရှန်းနဲ့အကြည့်ချင်းဆုံမိတဲ့အခါမှာလျင်လျင်မြန်မြန်ပဲဦးညွတ်ပြီးနှုတ်ဆက်ကြတယ်ဒါပေမဲ့သူတို့ကိုကြည့်ရတာနည်းနည်းတော့ထူးဆန်းနေတယ်

ရှီရှန်းက နည်းနည်းတော့မသက်မသာဖြစ်သွားတယ်'ငါမရှိတုန်းလေးကောင်းကင်ဘုံမှာဘာဖြစ်သွားတာလဲ,ငါနဲ့ဆိုင်တဲ့ဟာလား,ဒါမှမဟုတ်ဇာတ်လိုက်တွေနဲ့ဆိုင်တဲ့ဟာလား'

ရှီရှန်းက ရုတ်တရပ်ဖြတ်သွားတဲ့ကောင်းကင်ဘုံသားလေးကိုဆွဲယူပြီးမေးလိုက်တယ်''ငါမရှိတုန်းကဒီမှာဘာတွေဖြစ်သွားတာလဲ''

"အဆင့်မြင့်နတ်ဘုရား, ဟိုဟာ..ကျွန်...ကျွန်တော်'' ကောင်းကင်ဘုံသားလေးကဘာလုပ်ရမှန်းမသိဘဲနဲ့စတင်ပြီးတော့တုန်လှုပ်လာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now