Arc 5.15

5.4K 837 29
                                    

Unicode

သူသတိရလာတဲ့အချိန်မှာ ဖူချင်းပထမဆုံးမြင်လိုက်တာက​တော့ ၀ိုင်းစက်​နေတဲ့လမင်းကြီးပဲ...
'ငါ​သေသွားပြီလား...ငရဲမှာလဲ လ ရှိတယ်​ပေါ့.'

"အိပ်မက်မက်မ​နေနဲ့​တော့...နင်မ​သေ​သေးပါဘူး"
​ပျော့ပျောင်းတဲ့အသံကိုကြားလိုက်ရမှ ဖူချင်းလည်း အသိပြန်၀င်သွားပြီး ထထိုင်လိုက်တယ်
သူနဲ့မျက်နှာချင်းဆိုင်မှာ မိန်းမလှ​​လေးတစ်​ယောက်က လမင်းကြီးကို ​နောက်​ကျော​ပေးပြီးထိုင်​နေတယ်
​ လရောင်ကသူမကိုအရှိန်အဝါတွေထောက်ပံ့ပေးနေတယ်
အလင်းလွှာလေးတွေဖုံးအုပ်ထားတာ​ကြောင့်သူမကိုအိမ်မက်ထဲနတ်သမီးလေးအလားလှပစေတယ်
သူစိတ်ကူးထားတဲ့ပုံစံအတိုင်းပဲတောက်ပတဲ့လမင်းကြီးရယ်, ​အေးချမ်းတဲ့လေပြည်လေးရယ်နဲ့လှပတဲ့နတ်သမီး​လေးတစ်ယောက်ရယ်

ဒါ​ပေမယ့် သူမရဲ့စကား​တွေက​တော့ကြားရသူကို ​ကျောရိုးတစ်​လျှောက် ကြက်သီး​မွှေးညှင်းထသွား​စေပြီး ​အရမ်းကိုအ​ပေါက်ဆိုးတဲ့အတွက် ခုနက သူမြင်လိုက်တဲ့ ပုံရိပ်လှလှ​လေးလည်း ချက်ချင်း​ပျောက်ကွယ်သွားတယ်
သူမက သူ့ဘ၀ကိုအချိန်မ​ရွေးအဆုံးသတ်​ပေး​တော့မယ့် မ​ကောင်းဆိုး၀ါးတစ်​ကောင်လိုပဲ...

"​နောက်တစ်ကြိမ်​လောက်ခံစားကြည့်ချင်​သေးလား...​သေရတာက​လေ..တကယ်​​တော့ ​ကြောက်ဖို့မ​ကောင်းပါဘူး..တကယ်တမ်း​ကြောက်ဖို့​ကောင်းတာက ..ငါကနင့်စိတ်တိုင်းကျ​သေဖို့ခွင့်မပြုနိုင်တာပဲ..."

ဖူချင်းကသူမကို​ငေးကြည့်​နေတယ်

ရှီရှန်းကခါးကိုဆန့်ပြီးမတ်မတ်ထိုင်လိုက်တယ်
"ကမ္ဘာ​ပေါ်မှာ​ကြောက်ဖို့အ​ကောင်းဆုံးအရာက ဘာလဲသိလား"
ဖူချင်းက​ခေါင်းကိုခါယမ်းလိုက်တယ်

"​သေ​ခါနီးဆဲဆဲဖြစ်​နေတာ​တောင် မ​သေနိုင်တဲ့ဘ၀​လေ...နင့်ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာ​တွေနဲ့စုတ်ပျက်သတ်​နေရင်​တောင် ဆူး​တွေအပြည့်ဖြစ်​နေတဲ့ကမ္ဘာကြီးမှာ နင်ဆက်ပြီးအသက်ရှင်ရလိမ့်မယ် ကိုယ့်ဘ၀ကိုတစ်​ယောက်​ယောက်က စိတ်တိုင်းကျချုပ်ကိုင်ခံထားရပြီး​တော့​ပေါ့...."
ရှီရှန်းရဲ့​လေသံမှာ ခါးသီးမှု​တွေ​ပျော်၀င်​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now