Arc 9.20

3K 498 1
                                    

Unicode

ဒါပေါ့နောက်ဆုံးမှာတော့, ရီ,အာ့, ဆန်း,စစ်, ဝူ,လျို့, တို့ကမျက်နှာဖြူဖြူလေးတွေအကုန်လုံးကိုပြန်ပို့လိုက်ကြရတယ် ဒါပေမဲ့သူတို့တွေနားမလည်ဘူး'ဘာဖြစ်လို့ဘောစ့်က သူတို့ကိုသဘောမကျရတာလဲ, အများစုကြိုက်ကြတာက လိင်ကိစ္စနဲ့အင်အားပဲလေ,သူတို့ကကြည့်မကောင်းလို့လား,ဟုတ်လောက်တယ်,သူတို့ကကြည့်မကောင်းလို့ပဲဖြစ်ရမယ်,အခြားခပ်ချောချောလေးတွေဘောစ့်အတွက်ထပ်ရှာကြမယ်!!'

အဲ့လိုနဲ့မကောင်းဆိုးဝါးတွေကမျက်နှာဖြူဖြူခပ်ချောချောလေးတွေရှာဖို့လူသားမျိုးနွယ်ကိုပတ်မွှေတော့တယ်

အဲ့အချိန်မှာသုန်းကျင်းကလည်းကောင်းကင်ဘုံတပ်ဖွဲ့နဲ့အကြီးအကျယ်တိုက်နေရတယ်

အဆုံးမှာတော့ တိုက်ပွဲကြောင့်ကောင်းကင်ဘုံသားတွေအုပ်စုကွဲကုန်တယ်

မကောင်းဆိုးဝါး တွေကအမြဲတမ်းရှီရှန်းဆီလာပြီးသတင်းပို့ရတယ် တိုက်ပွဲနှစ်ဖက်မှာဘယ်သူကနစ်နာကြောင်းသိုလှောင်ထားတဲ့အစားအစာတွေပျက်ဆီးကုန်ကြောင်းရှင်းပြတယ်

'လခွမ်း, နင်တို့အတိုက်ခိုက်ခံရရင်ဘယ်လိုပြန်တိုက်ရမလဲရောသိကြရဲ့လား'

စကားပြောတာတွေလုံလောက်တဲ့အခါမှာရှီရှန်းကသူတို့ကိုရှေ့တန်းကိုခေါ်သွားတယ်နှစ်ဦးနှစ်ဖက်ရဲ့ကြားမှာပဋိပက္ခတွေနဲ့လေထုကလေးလံနေတယ်

ရှီရှန်း တို့ရောက်လာတဲ့အခါမှာလူတိုင်းကသူမကိုကြည့်ကြတယ်
"....ထွီး...မကောင်းဆိုးဝါး တွေရောက်လာကြပြီ "

ရှီရှန်းက ဇီဟွမ်ကိုတွေ့လိုက်တယ်'အိုး, ပြန်ကောင်းသွားပြီလား,ငါကနင်ဇာတ်လိုက်မကိုအရမ်းဂရုစိုက်မယ်ထင်နေတာ,....တွေ့လား?, အင်အားနဲ့သူမနဲ့ဆိုတော့လည်းနင်အင်အားကိုယူခဲ့တာပဲလေ'

'စိတ်မကောင်းစရာပဲ, ဘယ်သူမှမရိပ်မိကြဘူး'

"ချင်းကွမ်း!!,နင်ဒီကိုလာရဲသေးတယ်ပေါ့' တစ်စုံတစ်ယောက်ကသူမကိုလက်ညှိုးထိုးပြီးအော်ပြောတယ်'ဒီကိစ္စတွေအားလုံးဒီမိစ္ဆာမကြောင့်ရှုပ်ကုန်တာ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now