Arc 9.1

6.3K 807 25
                                    

Unicode

ရှီရှန်းပြန်ရောက်လာ​တော့ systemက သူမရဲ့အပြုအမူတွေနဲ့ပုံစံကိုသေချာကြည့်တယ် သူမပုံမှန်ဖြစ်နေတယ်ဆိုတာသေချာမှပြီးခဲ့တဲ့ကမ္ဘာကအချက်အလက်​တွေကိုscreenပေါ်မှာ​ဖော်ပြလိုက်တယ်

systemကသူမရောက်ရောက်ခြင်းသောင်းကျန်းမယ်ထင်နေတာအခုမှပဲ စိတ်သက်သာရာရသွား​တော့တယ်

အမည်: ရှီရှန်း

ကိုယ်ကျင့်တရားရမှတ်:  -128,000

အသက်အမှတ်: 25

ကူညီမှုရမှတ်: 17000

မစ်ရှင် အဆင့်: C

မစ်ရှင်အမှတ်: 91

လျို့ဝှက်မစ်ရှင်: အောင်မြင်

လျို့ဝှက်မစ်ရှင် ဆုလဒ်: 2000 ကူညီမှုရမှတ်

အပိုမစ်ရှင်:  အောင်မြင်

အပိုမစ်ရှင် ဆုလဒ်:1500အကူအညီရမှတ်,

အကူအညီပစ္စည်း :တစ္ဆေဘုရင်၏နှလုံးသား

ပစ္စည်းစာရင်း: ဘုရင်မသရဖူ, တစ္ဆေဘုရင်၏နှလုံးသား

ရှီရှန်းက screenပေါ်မှာပြထားတဲ့အချက်အလက်တွေကိုအမူအယာကင်းမဲ့စွာကြည့်နေတယ် ခနကြာတော့မှသူမစကားထုတ်ပြောတယ်
''နောက်ကမ္ဘာကိုပြောင်းတော့လေ''

[.......]
'Host, စိတ်ထဲမှာတစ်ခုခုရှိနေရင်, ထုတ်ပြောလိုက်ပါ,သူအဲ့လိုကြီးနေနေတာကပိုကြောက်ဖို့ကောင်းတယ်, '

#host ကတစ်ခုခုကြီးကြီးမားမားတွေလုပ်တော့မယ်လို့ထင်​နေတာငါတစ်​ယောက်တည်းလား#

[ ကူပြောင်းခြင်းစတင်.... ]
.......

"အရှင်မင်းသမီး, ကျွန်မတို့ ချန်အန်းကိုရောက်ပါပြီ''

ရှီရှန်းကခေါင်းမူးနေပြီးတော့သူမကိုတစ်ယောက်ယောက်စကားလာပြောတာကိုကြား​တော့မှမျက်လုံးတွေကိုဖြည်းဖြည်းလေးဖွင့်လိုက်တယ်

သူမဘေးမှာကောင်းကောင်းမွန်မွန်ဝတ်စားထားပြီးတော့ချောမောတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ် သူမကိုကြည့်ရတာအစေခံပုံစံမျိုးပဲ
သူမတို့ကရထားလုံးထဲမှာရောက်နေတာဖြစ်ပြီးတော့အဲဒီမိန်းကလေးအသက်၁၃,၁၄အရွယ်လောက်ရှိမယ် သူမကခန်းစီးကိုဖွင့်ပြီးတော့အပြင်ကိုစိတ်လှုပ်ရှားနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now