Arc 7.14

4.1K 684 23
                                    

Unicode

လေထုကြီးကအရမ်းကို​လေးလံနေပြီးတော့အကြည့်တွေနဲ့သာသတ်လို့ရမယ်ဆိုရင်ရှီရှန်းက ကျုံးရှီရိရဲ့အကြည့်တွေကြောင့်သေနေတာကြာပြီ

အကြီးအကဲက သက်တော်စောင့်​ခေါင်း​ဆောင်နဲ့ခန​လောက်ဆွေးနွေးပြီးတဲ့အခါမှာနယ်မြေကိုးပါးခန်းမကသူတွေက​ကျောင်းသား​တွေကိုလှောင်ပြောင်တော့တယ်
ရှီရှန်းကသူတို့ကိုအကြည့်တစ်ချက်သာပေးပြီးတော့ထွက်လာတယ်

ကျုံးရှီရိ ကလည်းသူ့တပည့် ကိုစိတ်ပူနေတာကြောင့် ထပ်ပြီးအချိန်မဆွဲတော့ဘူး
ဒါ​ပေမယ့်သူကဒီကိစ္စကိုအလွတ်မ​ပေးလိုက်နိုင်​သေးဘူး

သူဖုန်းစားဦးလေးကရှီရှန်းဆီကိုအလျင်အမြန်ပြေးလာပြီးတော့ဝမ်းသာအားရနဲ့ပြောတယ်
''ယောင်ကွမ်း, ဆရာတစ်ခါမှအဲဒီအဘိုးကြီးဒီလိုမျိုးကူကယ်ရာမဲ့ဖြစ်နေတာကိုမတွေ့ဖူးဘူး,ဒါကဆရာ့ကိုအတော်ပျော်စေတာပဲ,ပျော်လိုက်တာ''

ရှီရှန်း''.....''

'ဒီသူဖုန်းစားဦးလေးရဲ့အတွေးကတော်တော်ထူးဆန်းတာပဲ,ဖြစ်ရမှာက သူကငါ့ကိုနယ်မြေကိုးပါးခန်းမကသူတွေနဲ့ဘယ်လိုအဆက်အသွယ်ရှိလဲဘာလဲမေးရမှာ​လေ..အခုပုံစံကဘာကြီးတုန်း!!'

"သူတို့ကဒီကိစ္စကိုလွယ်လွယ်နဲ့တော့လွှတ်ပေးမှာမဟုတ်ဘူး,စိတ်မပူပါနဲ့သူတို့တွေမင်းကိုဆံပင်တစ်ချောင်းတောင်မထိစေရဘူး,ဆရာကာကွယ်ပေးမယ်'' ယဲ့ထျန်းနန်ရဲ့ပုံစံကလုံးဝကိုတည်ကြည်သွားတယ်

"ကျေးဇူးတင်ပါတယ်ဆရာ''
ရှီရှန်းကရိုရိုသေသေပြန်ဖြေတာကြောင့်ပုကျင်းယွင်ကကြောင်သွားတယ်
'ဒီမိန်းမရုတ်တရက်ကြီးယဥ်ကျေးသွားသလိုပဲ'

"ဆရာကိုကျေးဇူးတင်ဖို့မလိုပါဘူး...မင်းဒီကျောင်းထဲမှာရှိနေသ၍မင်းကိုကာကွယ်ရမှာကဆရာ့တာဝန်ပါပဲ''
ယဲ့ထျန်းနန်ကပြန်ဖြေတယ်

ပြီးတော့သူရှီရှန်းကိုသတိထားရမှာတွေပြောပြီးတော့ရေးကြီးသုတ်ပြာထွက်သွားတယ်

အခုဒီမှာကျောင်းသားအချို့ပဲကျန်ခဲ့တော့တယ် သူတို့လူအုပ်ကြီးကလည်းဘာလုပ်ရမှန်းမသိဖြစ်နေပြီး ပုကျင်းယွင်အလှလေးကိုပဲအတော်စိတ်ဝင်စားနေကြတယ် ရှီရှန်းကသူတို့ကိုအကြည့်တစ်ချက်ဝှေ့ပြလိုက်ပြီးတော့ပုကျင်းယွင်လက်ကိုဆွဲလိုက်တယ်
''လိုက်ခဲ့,ကျွန်မရှင့်ကိုတစ်ယောက်ယောက်ကိုတွေ့ဖို့ခေါ်သွားမယ်''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now