Arc 9.22

3K 487 0
                                    

Unicode

ယွဲ့နင်ကရှေးဟောင်းနတ်ဘုရားမဖြစ်ပြီးတော့ကောင်းကင်ဘုံသားတွေရဲ့အလှနတ်ဘုရားမဖြစ်တယ်

ရှေးဟောင်းနတ်ဘုရားနှစ်ပါးကလည်းသူမကိုကြိုက်နေ ကြပြီးတော့သူမကိုရဖို့အတွက်လိုအပ်တာတွေမှန်သမျှအကုန်ပေးကြတယ် ဒါပေမဲ့သူမကဘယ်သူ့ကိုမှပြန်မကြိုက်ဘူး

ရှေးဟောင်းနတ်ဘုရားနှစ်ယောက်မှာတစ်ယောက်ကဇီဟွမ်ဖြစ်နောက်တစ်ယောက်က ချင်းကွမ်း ရဲ့အဖေပေါ့

ချင်းကွမ်းရဲ့အဖေကလွယ်လွယ်နဲ့လက်လျော့သွားပြီးသူ့နောက်ကိုတစ်ချိန်လုံးလိုက်ကပ်နေတဲ့သူမအမေကိုလက်ထပ်လိုက်တယ်

ဇီဟွမ်ကတော့အရှုံးမပေးဘူး, သူမကိုရအောင်လိုက်တယ်ဒါပေမဲ့အကျိုးမထူးဘူး သူမကတော့သူ့အစားလူ့ပြည်ပကနေအဆင့်တက်ပြီးရောက်လာတဲ့သာမာန်ကောင်းကင်ဘုံသားတစ်ယောက်ကိုသွားကြိုက်မိတယ်

ဒါပေမဲ့အဲဒီကောင်းကင်ဘုံသားမှာကသူနဲ့ချစ်ရတဲ့မိန်းကလေးအတူပါလာပြီးသားဖြစ်တယ်

ယွဲ့နင်ကဒါကိုလက်မခံနိုင်တာကြောင့်သူမရဲ့လနတ်အကြီးအကဲအရှိန်အဝါကိုသုံးပြီးတော့ကိုသူတို့ကိုကွဲသွားအောင်လုပ်ခဲ့တယ်

အဲ့မိန်းကလေးကမဟာကန္တာရကိုအပို့ခံရပြီးနှစ်စက်မှုတွေကိုခံရတဲ့အပြင်မကောင်းဆိုးဝါးဘုရင်ကိုပါလက်ထပ်လိုက်ရတယ်

သုန်းကျင်းကအဲဒီမှာတစ်ခါရပ်လိုက်တယ်

ရှီရှန်းက မေးတယ်''အဲ့ဒီသာမာန်ကောင်းကင်ဘုံသားဆိုတာရှင်လား''

သုန်းကျင်းကလက်လည်းမခံသလိုငြင်းလည်းမငြင်းဘူး
ဆက်ပြောတယ်''အဲ့ကိစ္စကို အဲဒီသူသိတဲ့အခါမှာကောင်းကင်ဘုံမှာပြသနာအကြီးအကျယ်ဖန်တီးတော့တယ် ဒါပေမဲ့အခြားရှေးဟောင်းနတ်ဘုရားတွေအများကြီးကျန်သေးတဲ့အပြင်ယွဲ့နင်ကိုဇီဟွမ်ကကာကွယ်ပေးနေတာကြောင့်သူမကိုလက်စားမချေနိုင်ခဲ့ဘူး

သုန်းကျင်းကခနရပ်ပြီးဆက်ပြောတယ်''မင်းအမေကငါ့ကိုတစ်ခါကူညီခဲ့တယ်,သူမကငါ့ကိုလိုက်ရှာနေတဲ့သူတွေကိုငါပုန်းတဲ့နေရာကိုမပြောပြခဲ့ဘူး အကယ်၍သူမသာပြောပြရင်ငါကောင်းကင်ဘုံကနေတောင်ထွက်လာနိုင်မှာမဟုတ်ဘူး''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now