Arc 8.3

4.6K 703 9
                                    

Unicode

'ချော​ပေမယ့် ​ကြောက်စရာ​ကောင်းတယ်?.. ဖုန်းကျင်းများလား... ဖုန်းကျင်းက ဒီဝတ္ထုရဲ့final bossပဲ...ပုကျင်းယွင်နဲ့ဖုန်းစီ ကလည်း သူတို့၀တ္ထု​တွေရဲ့final bossပဲဆို​တော့...ဒီမှာလည်း ဖုန်းကျင်း​နေရာမှာ၀င်စား​နေတာများလား....ငါသူ့ကိုတစ်ချက်​လောက်​တော့သွားကြည့်ရမယ်..သူသာဖုန်းစီဆိုလို့က​တော့...ငါနဲ့အတူ​ခေါ်ထားလိုက်မှာ​ပေါ့.'

ရှီရှန်းရဲ့အပြုံး​ကြောင့် သရဲ​လေးက ​ကြောက်ရွံ့သွားပြီး သူ့၀ိညာဥ်ကလည်းတုန်ယင်​နေတယ် ' ဒီသရဲမက ခုနကလူဆိုးကြီးထပ်​တောင် ပို​ကြောက်ဖို့​ကောင်း​နေ​သေးတယ်..၀ူး၀ူး..​မေ​မေ​ရေ..သား အိမ်ပြန်ချင်တယ်...'

ရှီရှန်းက သရဲ​လေးရဲ့​​ခေါင်းကိုပုတ်​ပေးလိုက်တယ် "အမကိုပြန်​ခေါ်သွား​ပေး..အဲ့ဒီလူဆိုးကို အမ ​သေ​အောင်ရိုက်သတ်​ပေးမယ်.."

သရဲ​လေးကသူမကိုလုံး၀မယုံဘူး..အပြင်ကလူဆိုးကြီးကတကယ်ကို အစွမ်းထက်တယ်​လေ..သူက အိမ်နီးချင်း​ကလေလွင့်တ​စ္ဆေ​တွေကို​တောင်  ​မောင်းထုတ်လိုက်​သေးတာ
ရှီရှန်းရဲ့မျက်နှာကအပြုံးကြီးကိုမြင်​တော့ သရဲ​လေးက ပါးစပ်ကိုပိတ်ပြီး တိုက်ခန်းထဲကိုပြန်​ပြေး၀င်သွားတယ်
ရှီရှန်းကသရဲ​လေးကိုလျစ်လျူရှုခဲ့ပြီး အပြင်မှာပတ်ကြည့်​နေတယ် အချိန်အ​တော်ကြာ ပတ်သွားပြီးတာ​တောင် သူ့ကိုမ​တွေ့ရ​သေးဘူး
'ဖုန်းကျင်းမဟုတ်ဘူးလား..? '
ဒါ​ပေမယ့် သူမပြန်သွား​တော့မလို့စဥ်းစား​နေတဲ့အချိန်မှာပဲ systemရဲ့​အေးစက်စက်စက်ရုပ်အသံကိုကြားလိုက်ရတယ်

[ လျှို့၀ှက်တာ၀န်..အနန္တ​ဆောင်းမှ​ရေခဲမြစ်]

ရှီရှန်း "......"

'လိ့!!! ငါ ငယ်ငယ်က စာ​သေချာမလုပ်ခဲ့တာကို လာ​လှောင်​နေတာလား...နင်သုံးတဲ့ စကားလိမ်​တွေက တဖြည်းဖြည်းပိုဆိုးလာသလိုပဲ​နော်..'

အနန္တ​ဆောင်းမှ​ရေခဲမြစ် ဆိုတာက လူတစ်​ယောက်ရဲ့စိတ်နှလုံးက ဘယ်​လောက်ထိကြည်လင်သန့်ရှင်းတယ် ဆိုတာကို​ ရည်ညွှန်းတာ...

[ မစ်ရှင်ပစ်မှတ်...ဖုန်းကျင်း..
ဖုန်းကျင်းရဲ့​လောကအမြင်ကိုတည့်မတ်​ပေးပြီး သိက္ခာရှိပ​ယောဂဆရာတစ်ဦးဖြစ်​အောင်​ပြောင်းလဲကူညီ​ပေးပါ]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now