Arc 7.5

4.4K 710 35
                                    

Unicode

[ host​ရေ...ဘာဖြစ်လို့ လက်လွတ်စပယ် လုပ်​နေတာလဲ...]
Systemက မ​နေနိုင်လွန်းလို့ ထုတ်​မေးပစ်လိုက်တယ်
' ဒီလိုပုံနဲ့ဆိုရင် အမှတ်ပြည့်ရမယ့် ကမ္ဘာ​ရောရှိပါအုံးမလား '

"​ဟေး...ဘ၀ကြီးက အရမ်း​တွေသာယာ​နေရင် ​ပျော်ဖို့မ​ကောင်း​တော့ဘူး​လေ...."

[.......]
'..အဲ့ဒါက hostက အဲ့လိုမ​နေချင်တာ​ကြောင့်​လေ..'

Systemက ​​ဘာတစ်ခွန်းမှ၀င်မ​ပြောဘဲ သေချင်​ယောင်ပဲပြန်​ဆောင်​နေလိုက်တယ်
တကယ်လို့ သူ့စိတ်ရှိတိုင်းသာ ထုတ်​ပြော​နေမယ်ဆိုရင် တစ်နေ့မှာ  hostရိုက်သတ်တာကို ခံရလိမ့်မယ်

............

ဖုတ်!!!!

ကျွင်းဟန်လင်း က ချင်လန်ယွဲ့ရဲ့​ရှေ့တည့်တည့် လူအုပ်ကြားထဲကိုပြုတ်ကျသွားတယ်  လူ​တွေအများကြီး၀ိုင်း​နေတာ​ကြောင့်  ရှီရှန်းကို​မော့မကြည့်နိုင်ဘူး...

"ညီခုနစ်..မင်းဘယ်လို..."
မင်းသားသုံးက ​ကောင်းကင်ကို လက်ညှိုးထိုးပြီး  အဆက်မပြတ်ရီ​တော့တယ်
" ​ကောင်းကင်​ပေါ်က​နေ ဘယ်လိုပြုတ်ကျလာတာလဲ...ဒါက..ဒါက..မဟုတ်မှလွဲ​ရော..​*ကောင်းကင်ဘုံက ချမှတ်​ပေးတဲ့ ဖူးစာ*များဖြစ်​နေမလား...​ဟေး...ငါအခုမှစဥ်းစားမိတယ်.... ညီခုနစ်နဲ့ အကြီးဆုံး ချင်သခင်မ​လေးတို့ကတကယ်လိုက်ဖတ်တဲ့စုံတွဲပဲ  .."

လူအုပ်ကြီးက မင်းသားသုံးရဲ့စကားကိုကကြားကြားချင်း ၀ိုင်းရီကြပြီး သူတို့၂​ယောက်ကို ခပ်​လှောင်​လှောင်ကြည့်​နေကြတယ် ဘယ်သူကမှ ကျွင်းဟန်လင်းက ဘာလို့​ကောင်းကင်​ပေါ်ကပြုတ်ကျလာတယ် ဆိုတဲ့အ​ကြောင်းအရင်းကို စိတ်မ၀င်စားကြဘူး

"ငတုံးမ နဲ့ အရူး​ကောင်...ဟားဟား...နတ်ဖက်တဲ့စုံတွဲပဲ...မဟုတ်ဖူးလား..​ရောင်းရင်းတို့..."

ချင်လန်ယွဲ့ရဲ့အကြည့်တွေကပိုပိုပြီးတော့စူးရှလာပြီးတော့သူမမျက်လုံးတွေထဲမှာလူသတ်ချင်တဲ့အငွေ့အသတ်တွေပြည့်နေတယ်ရုတ်တရက်တစ်ယောက်ယောက်သူမခြေထောက်နားကစကတ်စကိုလှမ်းဆွဲနေသလိုခံစားလိုက်ရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now