Arc 10.14

2.9K 425 1
                                    

Unicode

ရှီရင်းရဲ့ငြင်းပယ်မှုကသူ့ရဲ့ရယ်ကြောကိုထိလိုက်သလိုမျိုးရုတ်တရပ်ထရယ်တော့တယ် သူရှီရှန်းကိုအခန်းထဲကိုသယ်ပြီးခေါ်သွားလိုက်တယ်

သူမရုန်းတာကိုတားဖို့အတွက်သူမကိုသူ့အောက်မှာဖိထားပြီးတော့ခြေထောက်နှစ်ချောင်းနဲ့ညှပ်ထားတယ်

"ရှင်ဘာလုပ်နေတာလဲ"ရှီရင်းက မျက်မှောင်ကြုတ်ပြီးသူ့ကိုကြည့်လိုက်တယ်
'ငါကဒီမှာဆာလွန်းလွန်းသေတော့မယ်သူကငါ့ကိုအနိုင်ကျင့်နေတယ်, ငါ့ကိုသတ်ဖို့များလုပ်နေတာလား'

ရှီရင်းကသူမကိုနောက်လက်တ်ဖက်နဲ့ချုပ်ပြီးပြောတယ်
"မင်းသောက်ပြီးရင်ဘယ်လိုတုန့်ပြန်မလဲကြည့်ရသေးတာပေါ့"

ရှီရင်းက ရှီရင်းသူ့လက်သူပြန်ကိုက်ပြီးသွေးကိုပါးစပ်အပြည့်ရအောင်စုပ်နေတာကိုကြည့်နေတယ်
ပြီးတော့သူ့ခါးကိုကွေးလိုက်ပြီးတော့ရှီရှန်းကိုနမ်းဖို့ကြိုးစားတယ်

အေးစက်တဲ့အရည်တွေကသူမနှုတ်ခမ်းထဲကိုရှီရင်းရဲ့ပါးစပ်ကနေတစ်ဆင့်စီးဆင်းသွားတယ်
အဲဒီဟာကသွေးညှီနံ့တော့မရဘူး, ဒါပေမယ့်သွေးဆိုတာကိုစဉ်းစားမိတိုင်း ရှီရှန်းကအန်ထုတ်ချင်စိတ်တွေပေါက်လာတယ်

ရှီရင်ကသူ့လျှာနဲ့ရှီရှန်းရဲ့လျှာကိုဖိထားပွီးသွေးတွေကိုလည်ချောင်းကနေတစ်ဆင့်စီးဆင်းသွားအောင်ဖိအားပေးတယ်

'ဟင့်အင်း'

ရှီရှန်းက အသားကုန်ရုန်းတယ်
ဒါပေမဲ့ရှီရင်းကအင်အားကြီးတာကြောင့်သူမမတားနိုင်ဘူး သွေးတွေအားလုံးကသူမလည်ချောင်းတစ်လျှောက်စီးဆင်းသွားတယ်

သွေးတွေသူမသောက်တာကိုအတည်ပြုပြီးတာနဲ့ရှီရင်းကနောက်ထပ်ပါးစပ်အပြည့်ထပ်စုပ်တယ်

"ဟင့်အင်း, လွှတ်ပေး"

ရှီရှန်း ရဲ့လေသံကအက်လာတယ်

သူပါးစပ်အပြည့်သွေးတွေစုပ်ပြီးခေါင်းငုံ့လိုက်တဲ့အခါသူမရဲ့အကြည့်တွေကိုမြင်ပြီးငြိမ်သွားတယ်

သူမ မျက်ဝန်းလေးတွေကသနားစရာကောင်းနေတယ်
'ဒါကသွေးသောက်ရုံလေးပါပဲ,သူမအဲ့လောက်ကြီး...'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now