Arc 10.36

2.7K 440 0
                                    

Unicode

တစ်စုံတစ်ယောက်က သူတို့ရဲ့မျှော်လင့်ချက်ရောင်ခြည်ကိုတွေ့တာတောင်မဆုပ်ကိုင်နိုင်ဘူးဆိုရင် အခွင့်အရေးကဆုံးရှုံးမှာပဲ

ဒါကိုစုန့်ကော်စန်းတစ်ယောက်ကိုယ်တိုင်ကြုံတွေ့နေတယ်

စုန်းကော်စန်းက သူ့အတွက်အမှန်တရားကိုအတည်ပြုချင်တယ်

ဖေးချီက စုန့်ကော်စန်းရဲ့အမေးကိုကြားလိုက်ရတဲ့အခါမှာ စိတ်မသက်မသာဖြစ်သွားတယ်

'ငါ့မှာဘယ်တုန်းကဖန်အခေါင်းတလားရှိသွားတာတုန်း,မင်းကသက်သက်မဲ့ပြဿနာလာရှာနေတာလားပဲ'

ကောလဟာလတွေအရ, သူတို့နှစ်ယောက်အငြင်းပွားကြတယ်,အဆုံးမှာစုန့်ကော်စန်းက ဖိအားပေးပြီး သူ့အိမ်ထဲကို အတင်ူဝင်ရှာတော့တယ်

ရှီရှန်းပြောတာကတကယ်မှန်နေတယ်....ဒါကသူ့အိမ်ထဲမှာရှိနေတယ်

ဖေးချီကဘယ်လိုရှင်းပြရမလဲကိုမသိဘူး သူကိုယ်တိုင်တောင်သူ့အိမ်ထဲမှာဒီဖန်အခေါင်းတလားရောက်နေမှန်းမသိဘူး

စုန့်ကော်စန်းကဖေးချီဒီပစ္စည်းကိုသုံးပြီးသူ့ကိုသစ္စာဖောက်ချင်နေတယ်လို့ပါထင်သွားတယ် ရလဒ်အနေနဲ့သူတို့နှစ်ယောက်ဘက်ကွဲသွားကြတယ်

ဗန်ပိုင်းယားတွေအတွက်တော့အပြင်ဘက်ကဟာတွေကိုဂရုစိုက်ဖို့နေနေသာသာ အတွင်းရေးရာမှာပါပြဿနာတွေပေါ်လာတယ်

ဖေးချီက သူ့ရဲ့အာဏာတွေအင်အားတွေအများကြီးပေးလိုက်ရသလို ပုံစံပေါ်နေပေမယ့်သူ့မှာအာဏာကရှိနေသေးတယ်

အဲ့တာကြောင့်အဖွဲ့နှစ်ခုက ထိပ်တိုက်ရင်ဆိုင်နေကြရပြီးတော့ ဘယ်အဖွဲ့ကနိုင်မယ်ဆိုတာပြောလို့မရသေးဘူး

ပြီးတော့ဗန်ပိုင်းယားဘုရင်မကြီးရှီရှန်းကဆို ဘာမှကိုမလုပ်ဘူး

ဒါပေမဲ့သေသေချာချာတွေးကြည့်မယ်ဆိုရင်ဒါကပုံမှန်ပဲရှီရှန်းကဗန်ပိုင်းယားဘုရင်မသာဖြစ်တာသူမမှာအာဏာမှမရှိတာ လက်နှစ်ဖက်တည်းနဲ့လက်သီးလေးချက်လောက်
တစ်ပြိုင်တည်းထိုးလို့မရဘူးဆိုတာလူတိုင်းနားလည်ကြတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now