Arc 8.5

4.1K 699 19
                                    

Unicode

ဖုန်းကျင်းကရှီရှန်းကို, အန်းစုနေတဲ့တိုက်ခန်းပတ်ဝန်းကျင်ကိုခေါ်သွားတယ် ရှီရှန်းက ကားတံခါးကိုဖြတ်ပြီးဝင်ချင်ပေမဲ့သူမဓားကတော့သူမနဲ့အတူလိုက်မဝင်နိုင်တာ​ကြောင့်ဖုန်းကျင်းဘေးကနေပဲလိုက်ရတယ်

'တံခါးကို ကိုယ့်ဘာသာကိုယ်ဖွင့်ရမှာလား, ရုပ်ဒြပ်ရှိတဲ့အရာကိုထိဖို့ဆိုရင်သရဲတွေအတွက်စွမ်းအင်လိုတယ်မလား,ငါကဘာလို့ဒီလိုမျိုးငါ့စွမ်းအင်တွေကိုအလကားသုံးပစ်ရမှာလဲ, တိုက်ရေးခိုက်ရေးအတွက်ချန်ထားရမှာပေါ့'

ဖုန်းကျင်းက ကားကိုအနီးအနားမှာပဲရပ်လိုက်တယ်,ပတ်ဝန်းကျင်ကတိတ်ဆိတ်နေတာမို့လို့ကားအတွက်လုံခြုံတယ်

ရှီရှန်းကတော့ဖုန်းကျင်းနောက်ကနေဓားကိုဝှေ့ယမ်းပြီးတော့လိုက်လာတယ်အကယ်၍တစ်ယောက်ယောက်သာမြင်ရင်ဓားကလေပေါ်မှာသူ့ဘာသာပျံနေတယ်လို့ထင်နိုင်တယ်

ဒီတိုက်ခန်းအိမ်ရာကအိုဟောင်းနေပြီဖြစ်တာကြောင့်လုံခြုံရေးမရှိဘူး အဲ့ဒါကြောင့်ဖုန်းကျင်းကအေးအေးဆေးဆေးပဲ ခြံစည်းရိုးပေါ်ကျော်ပြီးတော့ဝင်လာတယ်

ဖုန်းကျင်းကအန်းစုရဲ့တိုက်ခန်းအပြင်ဘက်မှာခနရပ်လိုက်ပြီးတော့ရှီရှန်းကိုလှည့်ကြည့်ပြီးတည်ငြိမ်တဲ့အသံနဲ့ပြောလိုက်တယ်
,''နာ့လန်ရင်းကိုအပြင်ထွက်အောင်မြှားခေါ်ခဲ့''

ရှီရှန်းကသူမကိုယ်သူမလက်ညှိုးထိုးလိုက်တယ်''ကျွန်မလား''

"မင်းငါ့ကို နာ့လန်ရင်း နဲ့ဘာအဆက်အသွယ်မှမရှိဘူးဆိုတာသက်သေပြချင်တယ်မလား..အဲ့ဒါဆိုသူ့ကိုဒီကိုမြှားခေါ်ပြီးသက်သေပြလေ'' ဖုန်းကျင်းကရှီရှန်းနားလည်အောင်ဖြည်းဖြည်းချင်းပြောတယ်

"ဒီမှာသူရှိနေတာကိုရှင်ဘယ်လိုသိလဲ''
'မဟုတ်သေးဘူးလေ,ဖုန်းကျင်းက ဟိုကောင်ဒီမှာရှိတာကိုဘယ်လိုတွေတောင်သေချာနေရတာလဲ,အကယ်၍သူပြဿနာရှာချင်ရင်တောင်အချိန်ကောင်းကိုရွေးသင့်တယ်လေ'

"ဘာလဲ,မသွားချင်ဘူးလား''ဖုန်းကျင်းရဲ့အသံကရုတ်တရပ်​အေးစက်လာတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now