Arc 5.4

5.4K 826 22
                                    

Unicode

အိမ်တော်တစ်ခုလုံးက သူမကို ရှာဖို့အလုပ်ရှုပ်​နေတုန်းမှာပဲ ​ပေ့ဇီက အခန်းထဲကိုတိတ်တ်ိတ်​လေးပြန်လာအိပ်​နေပြီ

ရလဒ်က​တော့ ​နောက်​နေ့မနက် နိုးတဲ့အချိန်မှာ ​ပေ့ကျဲ့ရဲ့ ​ဒေါသတကြီးဆူ​ငေါက်တာကို ခံရ​တော့တာပါပဲ
ရှီရှန်းက​တော့ ​သူ့ကိုလျစ်လျူသာရှုထားလိုက်​တော့တယ်
'နင်တို့၂​ယောက်​သာသူများအနားယူချိန်မှာသီချင်းအကျယ်ကြီးဖွင့်ပြီးဒုံးဒုံးဒိုင်းဒိုင်းလုပ်မ​နေရင် ငါလည်းအခုလိုလုပ်စရာမလို​တော့ဘူး​ပေါ့ ?'

​မျက်နှာတစ်ခုလုံးမဲပုပ်​နေတဲ့ပေ့ကျဲ့က သူ့အ​နောက်ကတံခါးကို ၀ုန်းခနဲ့ပိတ်ပစ်ခဲ့လိုက်ပြီးကား​မောင်းထွက်သွားတယ်

တံခါးနားမှာရပ်​နေတဲ့ ကျင်း​ရှောင်ယွီက​တော့ ဘာလုပ်ရမှန်းမသိဖြစ်​နေတယ်
ပေ့မိသားစုရဲ့အိမ်​တော်က ​ကျောင်းနဲ့အရမ်း​ေ၀းတာ​ကြောင့် အရင်ကဆိုရင် ​ပေ့ကျဲ့ရဲ့ကားနဲ့အတူလိုက်​နေကြဖြစ်တဲ့ ကျင်း​ရှောင်ယွီက အူ​ကြောင်​ကြောင်ဖြစ်​နေတယ်

​'ပေ့ကျဲ့ကအခုထွက်သွားပြီဆို​တော့ ငါက ​ကျောင်းကိုဘယ်လိုသွားရ​တော့မှာလဲ'

သူမရဲ့မျက်လုံး​တွေက ကျီးကန်း​တောင်း​မှောက်ဖြစ်​နေပြီး ရှီရှန်းကားထဲ၀င်​တော့မှာကိုမြင်တဲ့အခါ ၀မ်းသာအားရဖြစ်သွားကာ ချိုသာစွာ​ပြောလိုက်တယ်
"မမ​လေး..ကျွန်မလည်း​ကျောင်းကိုသွားမှာပဲ.. ကျွန်မတို့တူတူသွားကြရ​အောင်​လေ..မမ​လေးက ​ကျောင်းနဲ့အစိမ်းသက်သက်ဖြစ်​နေ​တော့  ကျွန်မ လိုက်ပြ​ပေးမယ်လေ"

"မလိုဘူး"
ရှီရှန်းက ပြတ်ပြတ်သားသား​ပြောလိုက်တယ်

"Alice Academyက အကျယ်ကြီးပဲ  ကျန်မရဲ့ပထမဆုံး​နေ့တုန်းကဆိုရင် လမ်း​ပျောက်သွား​တော့မလို့ မမ​လေးက တစ်ခါမှမ​ရောက်ဖူးဘူးဆို​တော့ ကျွန်မက လမ်းပြ​ပေးဖို့လိုတာ​ပေါ့ "
ကျင်း​ရှောင်ယွီက အရမ်းဖော်​ရွေပြ​နေပြီး ကားအ​ရှေ့ခန်းတံခါးကိုပါဆွဲဖွင့်​တော့မလိုလုပ်​နေတယ်

'၀သဖ!!!ဇာတ်လိုက်မရယ်  နင်ဘာကိစ္စ အရမ်းရင်းနှီးတဲ့ပုံလုပ်ပြ​နေရတာလဲ ငါတို့​တွေ့တာ အခုမှ၂ခါပဲရှိ​သေးတာ​နော် သိရဲ့လား တစ်ကမ္ဘာလုံးကနင်နဲ့သူငယ်ချင်းဖြစ်ချင်​နေတယ်လို့များ ထင်​နေသလား ပြီး​တော့ ငါက နင်တို့သမီးရည်းစားဆက်ဆံ​ရေးကို ပြတ်​အောင်ဖျက်မယ့်သူပဲ '
ရှီရှန်းက ကား​ဘေးမှာရပ်နေပြီး ​ကျောင်းတူတူသွားဖို့ကိုငြင်းဆန်​နေတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now