Arc 8.21

3.6K 662 26
                                    

Unicode

အချိန်အ​တော်ကြာပတ်ကြည့်​နေတာ​တောင် ​ခွေးတစ်​ကောင်​ကြောင်တစ်မြှီးမှရှာလို့မ​တွေ့​သေးဘူး..ပတ်၀န်းကျင်နယ်​မြေတစ်ခုလုံးက ​ခြောက်ကပ်​ပြီးတိတ်ဆိတ်နေတယ်

အဆုံးမှာ​တော့ အန်းစုရဲ့IQကလိုင်း​ပေါ်ပြန်တက်လာပြီး လမ်းမှန်ကိုကံ​ကောင်း​ထောက်မစွာရှာ​တွေ့သွားကြတယ်
အဲ့လိုနဲ့ အချိုးအ​​ကွေ့​ပေါင်းများစွာဖြတ်သန်းပြီးတဲ့​နောက်မှာ​တော့ ​ရှေး​ဟောင်းအိမ်​တော်ကြီးတစ်ခု​ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်​ရောက်သွားကြတယ်

ထူးဆန်းတဲ့လူတစ်စုက  အ​ဆောက်အအုံအ​ရှေ့မှာ တီးတိုးတီးတိုးသဖန်းပိုးလုပ်​နေကြတယ် တချို့​တွေက ဘုန်း​တော်ကြီးသင်္ကန်းကို၀တ်ဆင်ထားတယ် တချို့က​တော့အ​နောက်တိုင်း၀တ်စုံ​တွေ၀တ်ဆင်ထားပြီး ​အောင်မြင်တဲ့စီးပွား​ရေးလုပ်ငန်းရှင်​တွေနဲ့တူတယ် တချို့​တွေဆိုရင် ​​ကျောင်းသား၀တ်စုံ​တွေကို​တောင်၀တ်ထားကြ​သေးတယ်

လူတိုင်းကခပ်တိုးတိုး​ပြော​နေကြတာ​ကြောင့် သူတို့ဘာ​ပြော​နေလဲဆိုတာကို ခပ်လှမ်းလှမ်းကနေမကြားရဘူး..

ရှီရှန်းက လူအုပ်နဲ့ခပ်လှမ်းလှမ်းမှာတစ်​ယောက်တည်းရပ်​နေတဲ့ဖုန်းကျင်းကိုလှမ်းမြင်လိုက်တယ်  သူတို့ကြားမှာ​သွေးစာချုပ်ရှိ​နေတာဖြစ်လို့ ရှီရှန်း​ရောက်လာတဲ့အချိန်မှာ ဖုန်းကျင်းလည်း တစ်ခုခုကိုခံစားလိုက်မိပုံရပြီး ပတ်၀န်းကျင်ကိုလှမ်းကြည့်တယ် အဲ့လိုနဲ့သူ​တို့တွေအကြည့်ချင်းဆုံသွားကြတယ်

ရှီရှန်းကိုမြင်လိုက်​တော့ ဖုန်းကျင်းကပြသနာတစ်ခုခု​တော့တက်​တော့မလိုခံစားမိလိုက်တယ်

​နောက်ဆုံး​တော့လည်း သူမကဒီကို​ရောက်​အောင်ကိုလာခဲ့​သေးတာပဲ..

သူက ပတ်၀န်းကျင်ကိုအကဲခတ်လိုက်ပြီး ဘယ်သူမှ သတိမထားမိတာ​သေချာမှ လူအုပ်ထဲက​နေခွဲထွက်ခဲ့ပြီး ရှီရှန်းဆီလာခဲ့တယ်
သူကရှီရှန်းဆီ​ရောက်တာနဲ့ သူမရဲ့ပုခုံးနှစ်ဖက်ကိုဖမ်းချုပ်ပြီး နံရံမှာ ဖိကပ်ထားကာ သူ့ခန္ဓာကိုယ်နဲ့အုပ်မိုးပြီး ခပ်တိုးတိုးမာန်မဲလိုက်တယ် "ဘာလို့အဲ့​လောက်​တောင် စကားနားမ​ထောင်ရတာလဲ.."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now