Arc 8.27

3.5K 657 24
                                    

Unicode

"စည်းမျဥ်းနဲ့မကိုက်တော့ရောဘာဖြစ်လဲ''ရှီရှန်းကဖုန်းကျင်းထွက်လာတယ်''မကျေနပ်ဘူးလား,လာတိုက်လေ, နိုင်တဲ့သူကလိုချင်တာရမှာပဲ''

ရှောင်ပိုင်ကရှီရှန်းရဲ့ကြောက်စရာကောင်းတဲ့အရှိန်အဝါတွေကြောင့်နောက်ကိုဆုတ်သွားတယ်

အန်းစုကလည်းကြောက်ကြောက်လန့်လန့်နဲ့နောက်ကိုဆုတ်သွားပြီးတော့ဖုန်းကျင်းနောက်မှာပုန်းနေတယ်'ဟင်း..အခြေအနေကတည်ငြိမ်တာမဟုတ်ဘူး,မစ္စတာဖုန်းနောက်မှာနေတာလုံခြုံတယ်'

ကြောင်အသွားသောပယောဂဆရာများ''......''

'ဒီတစ္ဆေကအတော်ကို​ဆောင့်ကြွားကြွားနိုင်တာပဲ,သူမကိုမှငါတို့မတိုက်ရင်ကိုယ့်ကိုယ်ကိုပယောဂဆရာလို့မခေါ်သင့်တော့ဘူး'

"တစ်ယောက်ချင်းလာချင်လား,အုပ်စုလိုက်လာချင်လား'' ရှီရှန်းကဓားကိုထုတ်လိုက်တယ်

သူမရဲ့​သေသပ်တဲ့အမူအယာတွေနဲ့ကျော့ရှင်းနေတဲ့ပုံစံကရင်သပ်ရှုမောစရာကောင်းတယ်

"ငါအရင်သွားမယ်'' အသားမည်းမည်းအရပ်ပုပုလူကစကားတစ်ခွန်းပြောပြီးတော့ရှီရှန်းကိုလက်ညှိုးထိုးလိုက်တယ်သူ့မှာလည်းဓားပါလာတယ်

'ရုပ်ကလေးနဲ့မှမလိုက်သရဲမဖြစ်​နေတယ်..နှ​မျောစရာပဲ.....'

"မကောင်းဆိုးဝါး မ, ဒီနေ့မှာ ငါကိုယ်တိုင်ကောင်းကင်ဘုံအစားမင်းကိုအပြစ်ပေးမယ်
...မင်းက.."

ရှီရှန်းကမျက်လုံးတွေကိုလှိမ့်လိုက်ပြီးတော့သူ့ရဲ့မက်မွန်ပန်းဓားကိုထက်ဝက်ပိုင်းချပစ်လိုက်တယ် အံသြစရာပဲဓားက အက်ကွဲသံပေါ်လာပြီးတော့မြေပြင်ပေါ်ကိုတချွင်ချွင်မြည်ပြီးပြုတ်ကျသွားတယ်

အရပ်ပုပုနဲ့သူကစကားတောင်ပြောလို့မပြီးသေးဘူးရှီရှန်းကစတိုက်တာကိုမြင်​တော့ လူတိုင်းကတိတ်ဆိတ်ငြိမ်သက်သွားကြတယ်

"မင်းညစ်တယ်'' အရပ်ပုပုအသားမည်းမည်းနဲ့သူကဒေါသထွက်နေတယ်

"ဘယ်လိုညစ်တာလဲ'' ရှီရှန်းကလှောင်ပြောင်တဲ့ပုံစံနဲ့ပြောလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now