Arc 7.3

4.6K 720 12
                                    

Unicode

သူတို့မမလေးရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူကြောင့်သူတို့တွေစိတ်ရှုပ်ထွေးသွားကြတယ်

'သူတို့ကဘယ်တုန်းကရှန့်ယောင်ကွမ်းကိုသေချာဂရုစိုက်ဖူးကြလို့လဲ,လူတစ်ယောက်ရဲ့အဆင့်အတန်းကမြင့်မားလာလေလေသူတို့ယုံကြည်လို့ရတဲ့လူတွေလည်းနည်းသထက်နည်းလာလေလေပဲ'

ဒါကလူ့သဘာဝပဲ

အခြားသူတွေနဲ့အဆင့်အတန်းတူနေမယ်ဆိုရင်မင်းကသူတို့နဲ့မိတ်ဆွေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့ထက်သာသွားပြီဆိုရင်တော့ မမျှမတဖြစ်တာတွေမနာလိုတာတွေနဲ့လူတွေရဲ့မကောင်းတဲ့စိတ်တွေကသူတို့နှလုံးသားထဲကနေစတင်ပေါက်ဖွားလာလိမ့်မယ်

ရှန့်ယောင်ကွမ်းကမိသားစုထဲကနေနှင်ထုတ်ခံရတော့မှပဲဒီသဘောတရားကိုနားလည်ခဲ့တာဖြစ်တယ် ရှီရှန်းကသူမလက်ထဲကမီးပြင်းဖိုကိုကြည့်ပြီးတော့သက်ပြင်းချလိုက်တယ်

'ဒါကဆေးဘုရင်ရဲ့မီးပြင်းဖို​ပေါ့,သေစမ်း!!, အရမ်းရုပ်ဆိုးတာပဲ,မဲတူးနေတာပဲ, ငါကဒါကြီးနဲ့ဘာသွားလုပ်ရမှာလဲ,ဇာတ်လိုက်မကိုသွားပေးရင်လည်းကောင်းကျိုးမရှိ..ငါ့အတွက်လည်းအသုံးမဝင်ဘူး'

'ငါလား, ဆေးလုံးတွေလုပ်ရမှာလား,နောက်နေတာလား,!ငါကအဲ့လိုအလုပ်တွေမလုပ်ဖူးနော်, ပျင်းစရာကြီး...စိတ်မဝင်စားဘူး'

အဆင့်မြင့်မားတဲ့အထက်တန်းစားဆေးလုံးတွေကဝယ်ဖို့အတော်ခက်ခဲတယ်,အဲ့ဒါကြောင့်မို့လို့ချင်လန်ယွဲ့ကဆေးဘုရင်ရဲ့မီးပြင်းဖိုကိုရသွားပြီးတဲ့နောက်ပိုင်းမှာ,အဆင့်မြင့်ဆေးလုံးတွေအများအပြားကိုထုတ်လုပ်နိုင်ခဲ့လို့သူမအတွက်ဂုဏ်သတင်းများစွာကျော်ကြားသွားတယ်

ရှီရှန်းက ဒီမီးပြင်းဖိုကိုဘယ်လိုအသုံးပြုရင်ကောင်းမလဲဆိုတာကိုစဥ်းစားနေလိုက်တယ်

ချင်လန်ယွဲ့ရဲ့အသက်အရွယ်နဲ့ဒီလောက်မြင့်မားတဲ့အဆင့်ကိုရောက်နေတာကြောင့်သူမကိုတကယ်ထူးချွန်တဲ့ကျောင်းသားအဖြစ်သတ်မှတ်ပေးနိုင်တယ်

ဆရာတွေအများကြီးကသူမကိုဝိုင်းလုကြတယ်, အဆုံးမှာတော့သူမက ကျုံးရှီရိကိုရွေးလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now