Arc 9.7

3.3K 556 2
                                    

Unicode

"ဒါကရုတ်တရပ်ကြီးဆိုတာကျွန်မသိပါတယ်, ဒါပေမဲ့...ကျွန်မပြန်ပြီးပေး....''

တိုးတိုးနဲ့စကားသံတွေကအရှေ့ဘက်ကနေကြားနေရတယ်အစေခံတွေကလမ်းကိုရပ်ရမလားမရပ်ရဘူးလားမသိတာကြောင့်လမ်းလျှောက်တာတွေနှေးကုန်ကြတယ်

ဒါပေမဲ့ရှီရှန်းကမရပ်တာကြောင့်သူတို့တွေလည်းရပ်လို့မရဘူး နေရာကနီးလာတာနဲ့အမျှအသံတွေကိုလည်းရှင်းရှင်းလင်းလင်းကြားနေရတယ်

"အရှင်, ကျွန်မအပေါ်ဘယ်လိုတောင်လုပ်ရက်တာလဲ''

"ချန်လန်ကိုကို.....ကျွန်မတို့ကငယ်ငယ်လေးကတည်းကသိကြတာလေ,အရှင်ကျွန်မခံစားချက်တွေကိုနားလည်လောက်မယ်ထင်ခဲ့တာ,ဒါပေမဲ့ ရှင်ကယွဲ့ယောင်ကိုလက်ထပ်ခဲ့တယ်''မိန်းကလေး ရဲ့တရှုံ့ရှုံ့နဲ့ငိသြံတွေကိုကြားနေရတယ်

ဖူးစာကြိုးအချည်ခံရတဲ့သူတွေကတစ်ယောက်နဲ့တစ်ယောက်နက်နက်ရှိုင်းရှိုင်းချစ်မိကြတယ်  ဒါကိုချန်းလန်လည်းမတောင့်ခံနိုင်ဘူး

"မင်းသမီး,မငိုပါနဲ့..... ကျွန်တော်မင်းသမီးကိုစိတ်ပျက်စေမိပြီ''

"ချန်းလန် ကိုကို, ကျွန်မကိုလက်ထပ်ပါ, ကျွန်မရဲ့အဆင့်အတန်းကိုဂရုမစိုက်ပါဘူး, ရှင့်ရဲ့ကိုယ်လုပ်တော်အဖြစ်နေရမယ်ဆိုရင်တောင်ကျွန်မဆန္ဒရှိပါတယ်''

ရှီရှန်းက ရပ်ပြီးတော့သူတို့ပြောတာကိုနားထောင်နေတယ်
သူမရဲ့အစေခံတွေလည်းရပ်နေရကြပြီးတော့မကြားချင်ယောင်ဆောင်နေရတယ်သူတို့မှာတွန်းအားပေးခံရတာမို့ရွေးစရာမရှိဘူး

ချန်းလန် နဲ့စကားပြောနေတဲ့မိန်းကလေးကအခြားသူမဟုတ်ဘူးချန်ပြည်ထောင်ရဲ့အငယ်ဆုံးမင်းသမီးဖြစ်တဲ့ကိုးယောက်မြောက်မင်းသမီးပဲ,သူမကလည်းဖူးစာကြိုးအချည်ခံရပြီးတော့ဆိုးဆိုးဝါးဝါးအဆုံးသတ်ရတာပဲ

မူလဇာတ်ကြောင်းမှာတုန်းကယွဲ့ယောင်က မင်းသမီး၉ကိုချူးယန်ပြည်နဲ့မဟာမိတ်လက်ထပ်ပွဲကိုတွန်းအားပေးခဲ့တယ်
စစ်ပဲဖြစ်ပြီးတဲ့အခါမှာသူမရဲ့နေ့ရက်တိုင်းကအိမ်မက်ဆိုးတစ်ခုပဲ

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now