Arc 7.18

3.9K 643 11
                                    

Unicode

ရှီရှန်းထွက်သွားတဲ့အချိန်မှာပုကျင်းယွင်လည်းပျောက်သွားတယ်သူမကသူကိုလိုက်ရှာနေပြီးခနလောက်အကြာမှာမှရေကန်နားမှာပြန်တွေ့တယ်

ဒါပေမဲ့......

'ဟမ်, ချင်လန်ယွဲ့က ဒီနေရာမှာဘာတွေလုပ်နေတာလဲ, သူတို့နှစ်ယောက်ကဘယ်လိုလုပ်ပြီးဆုံတွေ့သွားကြတာတုန်း'

"သခင်လေး, ကူညီပေးလို့ကျေးဇူးတင်ပါတယ်''ချင်လန်ယွဲ့ရဲ့တစ်ကိုယ်လုံးကစိုရွှဲနေပြီးတော့တုန်ရီနေတယ်..လေအေးတစ်ချက်တိုက်ခိုက်သွားတဲ့အခါမှာ သူမတစ်ကိုယ်လုံးယိုင်သွားပြီးတော့တုန်ရီနေတဲ့အသံနဲ့​ပြောလိုက်တယ် ''သခင်လေးရဲ့နာမည်ကိုသိခွင့်ရမလား, အဲ့ဒါမှကျွန်မကျေးဇူးပြန်ဆပ်နိုင်မှာမို့လို့ပါ''

ပုကျင်းယွင်ရဲ့မျက်လုံးထဲမှာစိတ်မရှည်မှုတွေပေါ်လာပြီးတော့ထွက်သွားတော့မယ့်အချိန်မှာချင်လန်ယွဲ့ကသူ့ဘက်ကိုယိုင်လဲသွားတယ်

"ဟေး...., ချီးပဲ'' ရပ်ကြည့်နေတဲ့ရှီရှန်းကဒေါသတွေထွက်လာတယ်,'​ဇာတ်လိုက်မရေ,နင်ကကောင်းကင်ဘုံကိုများတက်ချင်နေတာလား,နင့်ရဲ့ဇာတ်လိုက်ကောင်ကြီးတစ်ယောက်လုံးစောင့်နေတုန်းပဲလေ,ဘာကိစ္စငါ့ဗီလိန်ကိုလာပြီးတော့ မြူဆွယ်နေတာတုန်း'

ရှီရှန်းကအပြေးဝင်လာပြီးတောပုကျင်းယွင်ဘက်ကိုလဲကျ​တော့မယ့်ချင်လန်ယွဲ့ကိုဖမ်းဆွဲလိုက်တယ်
''ချင်လန်ယွဲ့ရယ်,နည်းနည်းပါးပါးလေး သိက္ခာရှိစမ်းပါ, ဘာကိစ္စငါ့အနာဂတ်ခင်ပွန်းလောင်းရဲ့ရင်ခွင်ထဲဝင်ချင်နေတာလဲ''

အနာဂတ်ခင်ပွန်းလောင်းပုကျင်းယွင်''.....''
'ငါဒီအရှက်မရှိတဲ့မိန်းမကိုမသိဘူးနော်, ဟမ့်...'

ချင်လန်ယွဲ့ကမျက်လုံးတွေကမဲမှောင်သွားပြီးတော့သူ့လက်ကိုရှီရှန်းဆီကနေပြန်ဆွဲယူလိုက်တယ်
''ငါကစောစောက ဟန်ချက်ပျက်သွားရုံပဲ,အဲ့ထက်မပိုဘူး''

'ငါကဒီလိုမျိုးအသုံးမကျတဲ့ကောင်ဆီမှာများလဲကျချင်တယ်ထင်နေလား,သူ့မှာမျက်နှာလေးကြည့်ကောင်းတာကလွဲပြီးဘာမှမရှိဘူး,ရှန့်ယောင်ကွမ်း ကသူ့ကိုရတနာလိုတန်ဖိုးထားနေလောက်အောင်ပဲတုံးနေတာလား'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now