Arc 6.31

3.5K 620 33
                                    

Unicode

ရှီရှန်းကနတ်ဘုရားနှင့်မ​ကောင်းဆိုး၀ါးတို့၏ကုန်း​မြေကိုuninstallလုပ်လိုက်ပြီး ကွန်ပြူတာထဲကို ပျင်းပျင်းနဲ့​လျှောက်​​မွှေ​နေလိုက်တယ်

Beep....beep...

ရှီရှန်းရဲ့ဖုန်းက လင်းလာပြီး နိုင်ငံခြားဖုန်းနံပါတ်စိမ်းတစ်ခု​ပေါ်လာတယ်

ရှီရှန်းကဖုန်းကိုင်လိုက်ပြီး ခပ်ပြတ်ပြတ်​ပြောပစ်လိုက်တယ် "ငါ့ဆီမှာပိုက်ဆံမရှိဘူး နင်တို့​ကြော်ငြာတာ​တွေမ၀ယ်နိုင်ဘူး ငါ့မိဘ​တွေလည်းဒီမှာမရှိဘူး "
ပြီး​တော့ဖုန်းကိုချပစ်လိုက်တယ်
၅စက္ကန့်​လောက်ကြာ​တော့ ဖုန်းက​နောက်တစ်ကြိမ်ထပ်လာပြန်တယ်
"ချီးပဲ...​ပြော​နေတာကိုနားမလည်ဘူးလား..မ၀ယ်ပါဘူးဆို.​...နောက်တစ်ကြိမ်ဖုန်းထပ်ဆက်အုံးမယ်ဆိုရင်ငါနင့်ကိုလာရိုက်သတ်မှာ​နော်."

နား၀င်ချိုစရာ​ကောင်းတဲ့အမျိုးသားအသံတစ်သံကိုကြားလိုက်ရတယ်
"ကိုယ်ပါ...မင်ရည်ရှာ​ဖွေသူ.."

ရှီရှန်းက ဖုန်းနံပါတ်ကိုပြန်ကြည့်လိုက်တယ်
'အဲ့ဒါ​ကြောင့် ဒီနံပါတ်ကို ရင်းနှီး​နေသလိုဖြစ်​နေတာကိုး...'

"နင်ဘာလိုချင်လို့လဲ.. ငါတို့ကဘာမှမပတ်သက်​တော့ဘူး​လေ.."

"မင်းကဂိမ်းကိုဖျက်ဆီးသွားရုံတင်မကဘူး..ကိုယ့်accountကိုပါဖျက်လိုက်ရ​အောင်လုပ်သွားတာ​လေ....နည်းနည်း​လောက်​တော့နှစ်သိမ့်​ပေးသင့်တယ်မဟုတ်ဘူးလား...."

"ငါဂိမ်းထဲကမထွက်နင့်ဆီ gold​တွေအများကြီးလွှဲ​ပေးခဲ့​သေးတယ်​လေ..အဲ့ဒါ​တောင်မလုံ​လောက်ဘူးလား.."
'လ​ရောင်​အောက်က၄​ယောက်ကိုသူတို့လိုချင်တဲ့itemနည်းနည်းပါးပါး ​ပေးပြီး ကျန်တာကို နင်အကုန်ရသွားတာပဲဟာကို..'

"ကိုယ်သာ ဂိမ်းကိုမဖျက်လိုက်ရရင် ဒီထပ်ပိုရအုံးမှာ​လေ.."

ရှီရှန်း "......"

သူမက ဖုန်းကိုချက်ချင်းချပစ်လိုက်တယ်
'ဒီလို​ကောင်အတွက်နဲ့ငါ့အချိန်​တွေအကုန်ခံစရာလား..'

ကျီယန်က ဆက်တိုက်ဖုန်းဆက်​နေတယ် ရှီရှန်းကသူမရဲ့ဘ၀​လေး​အေးချမ်းသွားဖို့အတွက် ဖုန်းကြိုးကို ဖျက်ပစ်လိုက်ရတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now