Arc 8.31End

4.4K 748 40
                                    

Unicode

အခမ်းအနားပြီးသွားတဲ့အခါမှာ, ဖုန်းအိမ်တော်ကသူတွေကလွဲရင်ကျန်တဲ့သူတွေအားလုံးပြန်သွားကြတယ်

အခုလက်ရှိဖုန်းအိမ်တော်ရဲ့အကြီးအကဲကဖုန်းကျင်းရဲ့ဦးလေးဖုန်းချွမ်းဖြစ်ပြီးတော့သူ့မှာလေးထောင့်ကျတဲ့မျက်နှာရယ်,မျက်ခုံးမွှေးထူထူရယ်ပြီးတော့ကြီးမားတဲ့မျက်လုံးတွေရှိတယ်

"ဖုန်းကျင်း,ငါမင်းကိုဒီဘွဲ့အကြောင်းမပြောလိုဘူး,ဒါပေမဲ့ဘာဖြစ်လို့တစ္ဆေမွေးထားရတာလဲဆိုတာကိုပြောပြပါဦး''

ဖုန်းချွမ်းကရှီရှန်းကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်

"ဘာအ​ကြောင်းပြချက်နဲ့လဲ''ရှီရှန်းကအကြောက်တရားကင်းမဲ့စွာပြန်မေးတယ်

ဖုန်းကျင်းကရှီရှန်းကို သူ့နောက်ကိုဆွဲလိုက်တယ်
ပြီးတော့ဖုန်းချွမ်းကိုခေါင်းညိတ်ပြတယ်''ဦးလေး, နောက်ဆုံးအကြိမ်အနေနဲ့ကျွန်တော်လေးလေးစားစားပြုမူတာပါပဲ,ဒါက ကျွန့်တော်ကိုပျိုးထောင်ပေးပြီး,စောင့်ရှောက်ပေးတာတွေအတွက်ပြန်ပေးဆပ်တာပါ,အခုချိန်ကစပြီးတော့ကျွန်တော်ဖုန်းကျင်းကဒီဖုန်းအိမ်တော်နဲ့လုံးဝကိုအဆက်အသွယ်ဖြတ်တော့မှာပါ''

"ဖုန်းကျင်း,အဓိပ္ပါယ်မရှိတာတွေဘာလို့ပြောနေတာလဲ!''
ဖုန်းချွမ်းကသူ့ခြေထောက်ကိုကန်လိုက်တယ်သူအရမ်းကြီးဒေါသထွက်သွားမှန်းသိလို့ဒေါသကိုပြန်ထိန်းတယ် ''ဖုန်းကျင်း, ဦးလေးကအဲ့လိုဆိုလိုတာမဟုတ်ဘူး, မင်းကအခုဆရာသခင်ဘွဲ့ရနေပြီလေ, ဘယ်သူကမှာမေးခွန်းထုတ်ရဲမှာလည်းမဟုတ်ဘူး,အဲ့လိုပြောချင်တာပါ''

"ရှင်သာသူ့ကိုတကယ်ဂရုစိုက်တယ်ဆိုရင်ထပ်ပြီးတော့မပေါ်လာပါနဲ့တော့''ရှီရှန်းကခပ်ပြတ်ပြတ်ပြောလိုက်တယ်

"ဒီနေရာကမင်းစကားပြောချင်သလိုပြောလို့ရတဲ့နေရာများထင်နေလား''

'ဒီတစ္ဆေမကြောင့်သာမဟုတ်ရင်ဖုန်းကျင်းကဘာကိစ္စဖုန်းမိသားစုကနေထွက်သွားမှာလဲ'

'သူကအခုဖုန်းအိမ်တော်မှာဆရာသခင်ဘွဲ့ရထားတဲ့သူပဲသူ့ကိုဘယ်သူမှအသိအမှတ်ပြုဘူးဆိုရင်တောင်ဒါကဖုန်းအိမ်တော်ကိုဂုဏ်တက်စေမှာ...ဒီမျိုးဆက်မှာသူကအတော်ဆုံးလူဖြစ်နေတာလေ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now