Arc 9.9

3.2K 582 2
                                    

Unicode

ရှီရှန်းက စကားတစ်လုံးချင်းဆီကိုသေသေချာချာပြောလိုက်တာကြောင့်လူတိုင်းကဘာဖြစ်နေလဲဆိုတာသိသွားကြတယ်

သူမကအဖြစ်အပျက်အားလုံးကိုစကားလုံးနည်းနည်းနဲ့အကုန်ပေါ်အောင်ပြောလိုက်တာပဲ: ယွဲ့ယောင်ကအရက်မူးပြီးတော့အမှားတစ်ခုကိုလုပ်လိုက်တယ် ပြီးတော့ချန်းလန်နဲ့ချင်းကွမ်းရဲ့ဖူးစာကြိုးကိုမှားချည်မိတာကြောင့်ချင်းကွမ်းကစမ်းသပ်ချက်ကျရှုံးတော့မလိုဖြစ်သွားရတယ်

လူအများကြီးကအရင်တုန်းကယွဲ့ယောင်က ကပျက်ကချော်လုပ်ပြီးအမှားတွေအများကြီးကျူးလွန်ဖူးတယ် ဒါပေမဲ့ဒီလိုမှားတာလေးတွေကနည်းနည်းတော့ချစ်စရာကောင်းပြီးတော့သူမတောင်းပန်ရင်လည်းစိတ်ရင်းနဲ့တောင်းပန်တဲ့ပုံစံပေါက်တာကြောင့်လူတွေကသူမကိုအပြစ်မမြင်ကြဘူး

သူမအဆင့်မြင့်နတ်ဘုရားချန်းလန်နားကိုရောက်လာတော့မှအခြားနတ်သမီးငယ်လေးတွေကသူမကိုကြည့်မရကြတော့တာဖြစ်တယ်ကြတယ်

ဒါပေမဲ့ဘယ်သူကမှသူမဒီလောက်ထိကြီးမားတဲ့အပြစ်ကိုကျူးလွန်မယ်လို့မထင်ထားဘူ ပြီးတော့ဒီအပြစ်ကလည်းစကားလုံးနည်းနာ်းနဲ့မဖြေရှင်းနိုင်ဘူး

ဒါကြောင့်ယွဲ့ယောင်ကိုလူတိုင်းကထူးဆန်းစွာကြည့်လာကြတယ်

"ကျွန်မ မရည်ရွယ်ပါဘူး'' ယွဲ့ယောင်ကသူမကိုယ်သူမအသံတိုးတိုးလေးနဲ့ကာကွယ်လိုက်တယ်

"ငါနင့်ကိုသတ်ပြီးတော့ငါမရည်ရွယ်ပါဘူးဆိုပြီးပြောရင်ရော နင်ဒီကိုပြန်လာပြီးငါ့ကိုခွင့်လွှတ်မှာလား''

"ဒါပေမဲ့,ရှင်အခုဘာမှဖြစ်သွားတာမှမဟုတ်ဘဲကို'' ယွဲ့ယောင်ကဆက်ပြောတယ်

"အေး., ငါသာစမ်းသပ်ကိုကျရှုံးသွားခဲ့ရင်ရော,ဒီနေရာကိုတောင်မရောက်လာနိုင်တော့ဘူး,အဲ့အခါကြရင်ငါ့အပြစ်တွေလို့ပဲငါတွေးပြီးဖြေသိမ့်ရတော့မှာမလား,အဲ့အခါကြရင်ငါ့အပြစ်ဖြစ်မသွားဘူးလား''

'ငါသည်းမခံနိုင်တော့ဘူးနော်,ဇာတ်လိုက်မကိုအပိုင်းပိုင်းခုတ်ပစ်ချင်နေပြီ''

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now