Arc 5.19

5.3K 800 15
                                    

Unicode

မိဘတွေကတစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြတယ် သူတို့တွေကဖူမိသားစုကဘယ်လိုအင်အားကြီးတယ်ဆိုတာကို​ကောင်း​ကောင်းကြီးသိတယ်
တောင်ပေါ်မှာဖြစ်နေတာကိုသိသိချင်းမှာဖူမိသားစုကသူတို့သားလေးကိုအချိန်တိုအတွင်းမှာကယ်ဖို့အတွက်ဘာပဲလုပ်ရလုပ်ရလုပ်မယ်ဆိုတာကိုကြားလိုက်ရတဲ့အတွက် အ​တော်ကိုစိတ်သက်သာရာသွားခဲ့ကြတာ
ဆိုလိုတာကသူတို့အားလုံးရဲ့သားသမီးတွေကိုပါကယ်နိုင်မှာလေ

လွန်ခဲ့တဲ့ အချိန်အနည်းငယ်မှာကတည်းကဖူမိသားစုကတောင်ပေါ်ကိုရဟတ်ယာဥ်တွေလွှတ်လိုက်ပြီ

အချိန်ဘယ်လောက်မှမကြာသေးခင် ကယ်ဆယ်ရေးအဖွဲ့ရဲ့ရဟတ်ယာဥ်တွေရောက်မလာမီမှာဖူမိသားစုရဲ့သီးသန့်ရဟတ်ယာဥ်တွေရောက်လာတယ်ဆိုကတည်းကသူတို့အိမ်ရဲ့လွှမ်းမိုးမှုဟာဘယ်လောက်တောင်ကြီးမားမှန်းသိသာတယ်

ဒါပေမဲ့သူတို့တွေကဖူချင်းကိုပြဿနာတောင်ရှာမိလိုက်သေးတယ်

ရုတ်တရပ်သူတို့ရဲ့စိတ်ထဲမှာမိန်းကလေးတစ်ယောက်ပေါ်လာတယ်
ဖူချင်းရဲ့နောက်ကိုလိုက်နေကတည်းကသူမကလည်းသာမန်လူဖြစ်နိုင်မှာမဟုတ်လောက်ဘူး

.......

ရဟတ်ယာဥ်ကဖူချင်းကိုဆေးရုံကိုခေါ်သွားတယ် ရှီရှန်းကဖရိုဖရဲဖြစ်နေတာကလွဲပီးတော့ကျန်တာတွေအားလုံးအဆင်ပြေတယ်

ရှီရှန်းလည်းအဝတ်အစားတွေလဲသန့်ရှင်းရေးလုပ်ပြီးတော့မှနေလို့ထိုင်လို့ကောင်းသွားပြီး...systemကမစ်ရှင်တစ်ခုခုထပ်မခိုင်းခင်မှာပဲထွက်သွားဖို့ကြိုးစားလိုက်တယ်

[ကွင်းဆက်မစ်ရှင်....ဖူချင်းကိုအဖော်ပြုပေးပါ]

'ချီးပဲ!!.... ငါ့ကိုသူနဲ့သာလက်ထပ်ခိုင်းလိုက်ပါတော့လား,နင့်မစ်ရှင်တွေကငါ့ကိုလူသတ်ချင်စိတ်ပေါက်အောင်လုပ်နေတော့တာပဲ'

ရှီရှန်းကဖူချင်းရဲ့လူနာဆောင်ကိုရောက်တဲ့အခါမှာဆရာဝန်ကဦးလေးကျန်းနဲ့ဆွေးနွေး​နေတယ်

"ဖူချင်းကဆေးကိုအချိန်မီသောက်လိုက်တဲ့အတွက်ကြောင့်မို့လို့အ​ခြေ​အနေအရမ်းဆိုးမသွားပါဘူး...သူ့မှာရှိတဲ့အဖျားပျောက်သွားရင်သက်သာသွားလိမ့်မယ်"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now