Arc 8.2

4.7K 729 31
                                    

Unicode

ရှီရှန်း က ဇာတ်လိုက်မကိုခြောက်လန့်ရမယ့်အပိုင်းကိုရောက်နေတာဖြစ်တယ်

သူမ မနေ့ကဇာတ်လိုက်မကိုတစ်ခါခြောက်ပြီးပြီ, နောက်တစ်ခါထပ်ခြောက်ဖို့အတွက်အဲဒီတိုက်ခန်းမှာပဲဆက်နေနေတုန်း အဲ့ဒါမှဇာတ်လိုက်ကောင်က ဟီးရိုးကြီးဝင်လုပ်ပြီးဇာတ်လိုက်မကိုကယ်မယ်..ပြီးရင်သူတို့နှစ်ယောက်အိပ်ရာထဲမှာ ပျော်စရာလေးတွေဖန်တီးကြမယ်

ရှီရှန်းကတွေးရင်းတွေးရင်းရွံလာတယ်
'ဘာလဲဟ!!ဒီဇာတ်လိုက်ကောင်ကအထန်ကောင်ပဲ, သူကဇာတ်လိုက်မ စားစား,သောက်သောက်,အိပ်အိပ်, သူမနဲ့အဲ့ဒါလုပ်ဖို့ပဲတွေးနေတာလား, ပြီးတော့ဒီတစ္ဆေဝတ္ထုမှာကနေရာမရွေးအချိန်မရွေးအဲ့လိုလုပ်လို့ရနေတာလား'

'ခေါင်းစဥ်က ဒီလိုဖြစ်သင့်နေတာမဟုတ်ဘူးလား..*တစ္ဆေယောက်ျားရေ ကျေးဇူးပြုပြီးမရပ်လိုက်ပါနဲ့'*

'ဘယ်ဇာတ်လိုက်ကောင်ကဇာတ်လိုက်မကိုလုပ်ရဖို့အရေး အဲ့လောက်ကြိုးစားနေတာမြင်ဖူးကြလဲ,ပြီတော့သူကနဥ်ရင်းကိုတောင်အသုံးချလိုက်သေးတယ်

မူလဇာတ်ကြောင်းမှာ..ဇာတ်လိုက်ကောင်ကဇာတ်လိုက်မသဝန်တိုအောင်နဥ်ရင်းကိုအသုံးချခဲ့တာ..ဒါပေမဲ့တစ်ဖက်ကကြည့်ရင်နဥ်ရင်းအတွက်တော့အထင်မှားမှုတွေဖြစ်စေခဲ့တယ်..သူမရဲ့အပျော်ရွှင်ဆုံးအချိန်ကိုရောက်နေတဲ့အချိန်မှာပဲအဖြစ်မှန်ကိုသိသွားတယ်

"နေပါဦးနဥ်ရင်းကဝိည.ဥ်ဖျက်ဆီးခံလိုက်ရတယ်ဆိုရင်သူမဘယ်လိုလုပ်ပြီး, နောင်တရတာလဲ, systemဒီဇာတ်ကြောင်းကဗိုင်းရပ်စ်ဝင်နေတာလား''

[.......] 'သခင်ပြောထားတာက ငါသူမမေးခွန်းတွေကိုပြန်ဖြေလို့မရဘူးတဲ့မဟုတ်ရင်ငါအထောင်းခံရလိမ့်မယ်..အဲ့တော့မကြားချင်ယောင်ပဲဆောင်လိုက်ပါတော့မယ်'

သရဲတစ်ကောင်ဖြစ်နေတာရဲ့အားနည်းချက်ကနေအရမ်းပြင်းနေတဲ့အချိန်မှာအပြင်ကိုထွက်လို့မရတာပဲ

ရှီရှန်းကပြတင်းပေါက်ကနေဝင်လာတဲ့အလင်းရောင်တွေကိုပဲ​ကြည့်နေတယ်
သူမအခန်းထဲမှာဆိုရင်တောင်မှအပူဒဏ်ကိုခံစားမိနိုင်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now