Arc 8.30

3.8K 680 7
                                    

Unicode

ပယောဂဆရာတွေကဖုန်းကျင်းကိုအသိအမှတ်မပြုချင်ပေမဲ့လည်းသူတို့ပုံတွေရှီရှန်းဆီမှာရှိနေတုန်းပဲ, အကယ်၍, ရှီရှန်း သာအဲ့ပုံတွေကိုတင်လိုက်ရင်သူတို့ကိုယုံကြည်နေသူတွေဘယ်လိုထင်မလဲဘယ်သူမှသူတို့ကိုယုံကြည်မှာမဟုတ်တော့ဘူး

ဖုန်းကျင်းရဲ့ဘွဲ့အပ်နှင်းတဲ့ပွဲကဒီဇင်ဘာ၅ရက်နေ့မှာဖုန်းအိမ်တော်မှာကျင်းပမှာဖြစ်တယ်

ဖုန်းကျင်းကသူ့ကိုဘယ်သူမှပြဿနာမရှာတာကိုအထူးအဆန်းဖြစ်နေတယ် သူတို့တွေလုပ်ချင်ရင်တောင်ဖြစ်လာမဲ့အကျိုးဆက်ကိုလက်မခံနိုင်တာကြောင့်သူ့တို့ရဲ့မကျေနပ်မှုတွေကိုမြိုချထားရတယ်ဆိုတာသူမသိလိုက်ဘူး

သူတို့တွေကမကျေနပ်မှုတွေကိုမြိုချထားရုံသာမကဘူးနည်းနည်းလေးတောင်အထွန့်မတက်ရဲဘူး အဲ့ဒါကြောင့်ဖုန်းကျင်းကတစ်ခုခုဖြစ်တော့မလိုခံစားရတယ်

ပြီးတော့ရှီရှန်းရဲ့အပြင်ထွက်မှုတွေကပိုပိုပြီးတော့ကြာလာတယ် တစ်ခါတလေဆိုရင်သူမကိုတစ်နေ့ကုန်မမြင်ရတဲ့အခါတွေရှိတယ်သူမကိုဖုန်းကျင်းကမေးတိုင်းမဖြေဘဲနဲ့စကားလမ်းကြောင်းလွှဲဖို့နမ်းတာတို့ပဲလုပ်တယ်

.......
"အမ်အခုလား'' အန်းစုကဖုန်းကိုချလိုက်တယ်

ဖုန်းကျင်းကအန်းစုမမြင်အောင်ရပ်ပြီးကြည့်နေတယ်

"အင်းအင်း, ကျွန်မအခုပဲလာခဲ့မယ်, ဂရုစိုက်ပါ့မယ်...ခနစောင့်နော်'' အန်းစုကဖုန်းကိုချပြီးတော့အိတ်ယူပြီးထွက်သွားတယ်

ဖုန်းကျင်းလည်းသူ့ကုတ်အင်္ကျီကိုယူပြီးတော့အန်းစုနောက်ကိုနောက်ယောင်ခံလိုပ်လာတယ်

နောက်ဆုံးတစ်ခေါက်ကမတော်တဆမှုကြောင့်ရှီရှန်းကအန်းစုကိုဖုန်းကျင်းကားမသုံးတဲ့အချိန်သုံးလို့ရတယ်လို့ပြောထားတယ်အဲတာကြောင့်ဖုန်းကျင်းကtaxiပဲငှားပြီးလိုက်ရတယ်

အန်းစုကလူတွေနေတဲ့အိမ်ရာတွေကိုကျော်ပြီးတော့ဝေးဝေးကိုမောင်းနေတယ်ဖုန်းကျင်းကလည်းအနောက်ကလိုက်ရတယ်ဒါပေမဲ့taxiသမားကဆက်မမောင်းရဲတော့တာနဲ့ဖုန်းကျင်းကသူ့ကိုပိုက်ဆံတွေထပ်ထပ်ပေးပြီးလိုက်ခိုင်းတယ်အန်းစုကဂူသင်္ချိုင်းမှာကားကိုရပ်လိုက်တယ်taxiသမားလည်းရပ်ပေးပြီးတော့မြန်မြန်မောင်းပြေးသွားတယ်
'ဒီလူရူးများသွားတာလား, ဘယ်သူကညလယ်ခေါင်ကြီးသင်္ချိုင်းလာလို့လဲ'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now