Arc 7.22

3.8K 638 2
                                    

Unicode

​လေး​ထောင့်မြို့​တော်ဆိုတဲ့နာမည်အတိုင်းပဲ မြို့ရဲ့အ၀န်းက ​လေး​ထောင့်ကျကျတည်ထားတယ်  မြို့အနီးမှာ ​မှော်သားရဲ​တွေ​ပေါတဲ့​တောအုပ်ကြီးတစ်ခုရှိ​နေတာ​ကြောင့် ဘယ်သူကမှအဲ့ဒီမြို့ကိုစနစ်တကျမအုပ်ချုပ်ချင်ကြဘဲ မြို့က တရားဥပ​ဒေကင်းမဲ့လို့​နေတယ်

ဒါ​ပေမယ့် ​လေး​ထောင့်မြို့​တော်မှာ အုပ်ချုပ်သူတစ်​ယောက်​တော့ရှိတယ် သူ့ကို မြို့သခင် လို့​ခေါ်ပြီး မြို့​တော်မှာ အင်အားအကြီးမိသားစုဖြစ်တဲ့ ဟယ့် မိသားစုကလူဖြစ်တယ်
အရင်တုန်းကဆိုရင် ဟယ့်မိသားစုကိုဘယ်သူကမှမဆန့်ကျင်ရဲဘူး..
အမှန်အတိုင်း​ပြောရမယ်ဆိုရင် ရှီရှန်းကလည်း ဒီမြို့ကို​လာတာ သူ့ကိုတိုက်ခိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့မဟုတ်ပါဘူး
ဒါ​ပေမယ့် ဟယ့်မျိုးနွယ်က သူမရဲ့ဓါး​အောက်မှာ​သေရဖို့ကို အဲ့​​လောက်ထိ​တောင်းဆို​နေမှာ​တော့ သူ့ဆန္ဒကိုဖြည့်ဆည်း​ပေးလိုက်ရ​တော့တာ​ပေါ့..
'အမြဲတမ်းအဲ့လိုပဲ...ငါက လူမသတ်ချင်ရင်​တောင် လူ​တွေကငါ့ဓါး​အောက်ကို​ပြေး၀င်လာကြတယ်...'
အမှန်​တော့ ဟယ့်မျိုးနွယ်က သူမရဲ့ဓါးကိုခိုးဖို့လာခဲ့တာ ဒါ​ပေမယ့် ရှီရှန်းက သူ့ကိုမိသွား​တော့ သူက သူ့လူတစ်အုပ်ကြီးကို​ခေါ်ထုတ်လာခဲ့တယ်
ရှီရှန်းရဲ့​ဒေါသကငယ်ထိပ်ကို​ရောက်သွားပြီး ဟယ့်အိမ်​တော်တစ်ခုလုံးကို အပြတ်ရှင်းပစ်လိုက်တယ်
ဒါ​ပေမယ့် သူမမှာလည်းဒဏ်ရာ​ဟောင်းရှိထား​သေးတဲ့အပြင် ခရမ်း​ရောင်အလုံး​လေး​တွေကိုလည်းသုံးလို့မရတာ​ကြောင့် အ​တော်​​လေးပင်ပန်းတယ်
သူမရဲ့spaceထဲမှာ အကူအညီဖြစ်​စေတဲ့လက်နက်အတိုအစ​လေး​တွေသာမရှိရင် သူတို့ကိုမယှဥ်နိုင်​လောက်ဘူး..

​လေး​ထောင့်မြို့​တော်မှာ​နေထိုင်တဲ့သူ​တွေရဲဘ၀က အမြဲတမ်းစိန်​ခေါ်မှု​တွေနဲ့ပြည့်နှက်​နေပြီး အရည်အချင်းအစစ်အမှန်သာရှိ​မ​နေရင် ဘယ်အချိန်မှာ သူများသတ်သွားတာခံရမယ်ဆိုတာမ​ပြောနိုင်ဘူး..
ဒီလို​နေရာမျိုးက ရှီရှန်းရဲ့ အကြိုက်ပဲ...
ဒီမှာဆိုရင် သူမက လူသားဆန်မှု​တွေ ,စာနာမှု​တွေ,ယဥ်​ကျေးမှု​တွေ အ​ကြောင်းကိုဂရုစိုက်​နေစရာမလိုဘူး..

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now