Arc 2.28

3.7K 606 0
                                    

Unicode

ချင်လန်ယွဲ့ရဲ့​အော်သံ​ကြောင့်  လူအများက ရှီရှန်းရှိ​နေတဲ့​ရေကန်စပ်ကို၀ိုင်းထားလိုက်ကြတယ်
"ရှန့်​ယောင်ကွမ်း..ကြာပန်းကိုအခုချက်ချင်းထုတ်​ပေးစမ်း..."
ရှီရှန်းကဓါးကိုခပ်တင်းတင်းဆုပ်ကိုင်ပြီး ရုပ်​ချင်လန်ယွဲ့ကို ရင်ခွင်ထဲထည့်ဖက်ထားအမျိုးသားကိုလှမ်းကြည့်လိုက်တယ်

အမျိုးသားကိုမှတ်မိသွား​တော့ရှီရှန်းက နံရံကို​ခေါင်းနဲ့​ပြေး​ဆောင့်ချင်စိတ်ပါ​ပေါက်သွားတယ် 'အဲ့ဒီ​မြွေဘုရင်က ဇာတ်လိုက်မရဲ့​မောင်းထီး​ဆောင်ထဲကို​ရောက်သွားပြန်ပြီလား...'

ရှီရှန်းကသူမရဲ့နာမည်ကိုရှင်းဖို့စိတ်ကူးမရှိ​တော့ဘူး
'ဗီလိန်ဘာ​ပြော​ပြောမှား​နေတယ်ဆိုတဲ့​လောကကြီးထဲမှာ ရှင်းပြ​နေမယ်ဆိုလည်းတံတွေးထွက်ရုံ​လောက်ပဲရှိမယ်..'

ရှီရှန်းက ဇာတ်လိုက်မကိုအဓိပ္ပါယ်ပါပါပြုံးပြပြီး လူအုပ်ကြီးကို စကားတစ်ခွန်း​ပြောလိုက်တယ် " ကြာပန်းကိုလိုချင်လား.."

"​မေး​​နေစရာလို​သေးလို့လား...အခုချက်ချင်းထုတ်​ပေးစမ်း.." ကျင့်ကြံသူတစ်​ယောက်က​အော်လိုက်တယ်.
ရှီရှန်းကသူ့ရဲ့စကားကိုလျစ်လျူရှုပြီး ဆက်​ပြောတယ် " မဖြစ်နိုင်စရာ​တော့မရှိပါဘူး.."
ရှီရှန်းက ခန​လောက်ရပ်ထားတယ် 
" အပြန်အလှန်အ​နေနဲ့ ချင်လန်ယွဲ့ကို ကျွန်မအတွက်ဖမ်း​ပေးနိုင်မလား.."

ရှီရှန်းရဲ့စကားကိုကြားတဲ့အချိန်မှာ ချင်လန်ယွဲ့ရဲ့မျက်နှာက တင်းခနဲ ဖြစ်သွားတယ်
" ချင်လန်ယွဲ့လား... သူမကိုဘာလို့လိုချင်တာလဲ.." လူအုပ်ကြီးက အ​ခြေအ​နေကိုသံသယဖြစ်သွားကြတယ်
'သူတို့၂​ယောက်ကရန်ငြှိုးရှိကြတာလား.'

"နင်တို့နဲ့မဆိုင်ပါဘူး.. ငါနင်တို့ကိုအခွင့်အ​ရေး​ပေးထားတာ​နော်..ချင်လန်ယွဲ့ကိုဖမ်း​ပေးမလား..ဒါမှမဟုတ်ရင် ကြာပန်းကို ငါဖျက်ဆီးပစ်လိုက်ရမလား.." ရှီရှန်းက သူမဆီမှာ ကြာပန်းတကယ်ရှိ​နေသလိုပုံဖမ်းလိုက်တယ်

"ရုတ်ရုတ်ရုတ်ရုတ် ​တော့လာမလုပ်နဲ့​နော်..နင်တို့​တွေဘာတစ်ခုမှမလုပ်ရ​သေးခင် ကြာပန်းကိုငါဖျက်ဆီးပစ်လိုက်လို့ရတယ် ဆိုတာသိထား.."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now