Arc 6.4

4K 653 18
                                    

Unicode

ပြန်လည်ရှင်သန်ဖို့အတွက်နည်းလမ်းကသုံးနည်းရှိတယ် ပထမတစ်နည်းက recall​ခေါ်ပြီးအစကပြန်စရမယ် ဒုတိယတစ်နည်းက ပြန်လည်ရှင်သန်ခြင်းအမှတ်ကိုသုံးရမယ် တတိယတစ်နည်းကဆေးလုံးစားရမယ်

တတိယနည်းလမ်းအရပြန်လည်ရှင်သန်မယ်ဆိုရင်ဆေးလုံးစားရမှာမို့လို့ဆေးကitem shopမှာဝယ်ရင်တောင်ရွှေ၅၀gလောက်ပေးရတယ်အဲ့ဒါကြောင့်သာမာန်လူတွေမတတ်နိုင်ကြဘူး

ဒါ​ပေမယ့်ရှီရှန်းက​တော့တတ်နိုင်တယ်

ရှီရှန်းက ဆေးလုံးမစားခင်မှာပဲ အမြင့်ဆုံးစွမ်းအင်ကိုထုတ်သုံးလိုက်ပြီးတော့ချုပ်နှောင်ခြင်းAOE skillကိုထုတ်သုံးလိုက်တယ်အဲဒီစွမ်းအင်ကဖျက်ဆီးမှုစွမ်းအားကြီးမားလွန်းတော့ထိန်းချုပ်နိုင်ဖို့ခက်ခဲတယ်

သရဲမျိုးနွယ်စုတောင်မှ စွမ်းအားကိုမထိန်းချုပ်နိုင်ရင်သူတို့ထုတ်တဲ့စွမ်းအင်ကိုသူတို့ပြန်ခံရတယ်

အဲဒီသရဲရဲ့နာမ်မည်ကပြီးတော့မှရှီရှန်းနားမှာပေါ်လာတယ်ထင်ထားတဲ့အတိုင်းပဲ
[ဖြတ်တိုက်သွားတဲ့လေညင်းလေး]

Worldchatထဲတွင်

မိုင်တစ်ထောင်တေးဂီတ :
[လရောင်အောက်ကနှင်းပွင့်လေး....... , ဖြတ်တိုက်သွားတဲ့လေညှင်းလေးက fallback valleyမှာရှိနေတယ်]

လရောင်အောက်ကနှင်းပွင့်လေး  :
[အကိုကြီးလေညှင်းရေ...ကျွန်တော့ကိုစောင့်နေနော်, ကျွန်တော့်အချစ်တွေသယ်လာနေပြီ, clearwest, မင်းလည်း​စောင့်နေနော်  မင်းကိုကယ်ဖို့ ငါလူ​တွေ​ခေါ်လာပြီ ]

လရောင်အောက်ကနှင်းပွင့်လေး :
[ဟေးး, လိုင်းပေါ်ရောက်နေတဲ့ခွေးစုတ်လေးတွေ, ပန်ကုန်းက အကိုလေညှင်းလေးကိုသွားတွေ့မှာလိုက်ပါ၀န်းရံကြစမ်း]

[TN/ပန်ကုန်း Beng Gong ဆိုတာက နန်းတွင်းကားကြည့်တဲ့လူ​တွေသိမှာ​ပေါ့ နန်း​ဆောင်​တော်ရမိဖုရားကြီး​တွေကိုယ့်ကိုကိုယ်သုံးတဲ့*ငါ*ဆိုတဲ့အသုံးအနှုန်းမျိုး ဒီမှာ နှင်းပွင့်​လေးက သူ့ကိုယ်သူမိဖုရားနဲ့တင်စားပြီး အခြားသူ​တွေကို အ​ခြွေအရံ​တွေလိုသတ်မှတ်လိုက်တာ ]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now