Arc 7.29

3.8K 630 13
                                    

Unicode

ချင်လန်ယွဲ့ရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီး​ပြီး​တာနဲ့ လူတစ်​ယောက်ကလှမ်း​အော်လိုက်တယ်

"ရှန့်​ယောင်ကွမ်း..ငါတို့ မင်းခိုင်းတာလုပ်​ပေးပြီးပြီ..ကြာပန်းကိုထုတ်​ပေး​တော့.."
လူအုပ်ကြီးကကြာပန်းကိုရဖို့စိတ်လှုပ်ရှား​နေကြပြီးရှီရှန်းကိုအ​​လောတကြီးစိုက်ကြည့်​နေကြတယ်
'ဟားဟား..ကြာပန်းသာရလို့က​တော့ စိတ်၀ိညာဥ်သူ​တော်စင် အဆင့်ကို​ရောက်ဖို့က အလွယ်​လေးပဲ...'

ရှီရှန်းကခပ်​လှောင်​လှောင်ပြုံးလိုက်ပြီး အားရပါးရ​ပြောလိုက်တယ်
"ကြာပန်းက ငါ့ဆီမှာ မဟုတ်ဘူး.."

'ငါ့ဆီမှာကြာပန်းရှိ​နေပါတယ်လို့ တစ်ခွန်းမှထုတ်မ​ပြောခဲ့ဖူးဘူး​နော်..ဟားဟား နင်တို့ဦး​နှောက်​တွေကို ၀က်စာ​ကျွေးလိုက်တာလား.. ချင်လန်ယွဲ့​ပြောတိုင်းယုံရ​အောင် နင်တို့ကငတုံး​တွေလား..'

"ရှန့်ယောင်ကွမ်း...မင်း​ပြောတာဘာအဓိပ္ပါယ်လဲ... ကြာပန်းကိုမြန်မြန်ထုတ်​ပေးစမ်း.."

"အချိန်ဆွဲမ​နေနဲ့..ငါတို့ဘက်မှာ လူတွေအများကြီးရှိတယ်..​ပေါက်ကရလုပ်မယ်ဆိုရင် နင့်အဆုံးသတ်ကမလှပဲ ဖြစ်သွားမယ်.."

"ငါ​ပြော​နေတာကိုနားမလည်ဘူးလား...ငါ​ပြောတာက  ငါ့ ဆီ မှာ ဘာ ကြာ ပန်း မှ မ ရှိ ဘူး လို့​လေ.." ရှီရှန်းက လူတိုင်း​သေချာကြားရ​အောင် ခပ်​ဖြေး​ဖြေး​ပြောလိုက်တယ်

"ရှန့်​ယောင်ကွမ်း...ငါတို့ မင်းခိုင်းတဲ့အတိုင်းအကုန်လုပ်​ပေးပြီးပြီ​လေ.. အခုမှ ​ပြောပြီးသား စကားကို ဖျက်ဖို့မကြိုးစားနဲ့  ကြာပန်းကိုအခုချက်ချင်းထုတ်​ပေးစမ်း!! မဟုတ်ရင် မင်းလည်း သူ့လိုကံကြမ္မာနဲ့ ရင်ဆိုင်ရလိမ့်မယ်..." အရပ်ရှည်ရှည်နဲ့လူက ချင်လန်ယွဲ့ကို ညွှန်ပြပြီး​ဒေါသတကြီး​ပြောတယ်

"ရှန့်​ယောင်ကွမ်း..ငါတို့ရဲ့သည်းခံနိုင်စွမ်းကို လာမစမ်းနဲ့ ..ကြာပန်းကိုအခုချက်ချင်းထုတ်​ပေး..."

"အခုချက်ချင်းထုတ်​ပေး..."

"အခုချက်ချင်းထုတ်​ပေး..."

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now