Arc 9.4

4.4K 855 29
                                    

Unicode

​နောက်​နေ့ မြို့​တော်မှာ  စစ်သူကြီးချန်းလန်ရဲ့ချစ်သူက မင်းသမီးချင်းကွမ်းကို မနာလိုပြီး ညလယ်​ခေါင်ကြီးသွားလုပ်ကြံတယ်ဆိုတဲ့သတင်း​တွေပြန့်သွားတယ်  ဒါ​ပေမယ့် မင်းသမီးချင်းကွမ်းက ချစ်သူနှစ်ဦးကြားက သံ​ယောဇဥ်ကိုအသိအမှတ်ပြုပြီး သူတို့နှစ်​ယောက်ကိုလက်ထပ်ခွင့်​ပေးဖို့ မင်းကြီးဆီမှာ​တောင်​တောင်းဆို​ပေးခဲ့တယ် ...မင်းသမင်းချင်းကွမ်းကတကယ်ကိုသ​ဘောထားကြီးမြတ်တဲ့​တော်၀င်အမျိုးသမီးပဲ...

ဒီကိစ္စကရှီရှန်းရဲ့ဂုဏ်သိက္ခာကို​တော်​တော်​လေးမြှင့်တင်​ပေးလိုက်နိုင်ပြီး ချင်းကွမ်းရဲ့စမ်းသပ်မှုအတွက်ကုသိုလ်​တွေလည်းတိုးလိုက်နိုင်တယ်

"ဒါ​ကြောင့် အရှင့်သမီးကသူတို့နှစ်​ယောက်အတွက်လက်ထပ်ခွင့်​တောင်းပေးခဲ့တာကိုး...အရှင့်သမီးကတကယ်ကိုအ​မြော်အမြင်ရှိတာပဲ..."  ပိရှီကရှီရှန်းကိုဘလင်းဘလင်းထ​နေတဲ့အကြည့်​တွေနဲ့ကြည့်​နေတယ် 'ဒီလိုဆိုရင် အရှင့်သမီးရဲ့လက်ထပ်ပွဲကမ​အောင်မြင်တာ​တောင် ပြည်သူ​တွေကသူမကိုပိုပြီးရို​သေ​လေးစားလာကြမယ့်အပြင် သူမ နန်းကျင်းကိုပြန်သွားရင်​တောင် သူမရဲ့ရုပ်ပုံပန်းချီကားကို ကိုးကွယ်ဖို့သိမ်းထားကြလိမ့်အုံးမယ်..'

"မင်း​တွေးတာများလွန်းသွားပြီ.." ရှီရှန်းက​ပြောလိုက်တယ် ပိရှီရဲ့အ​တွေး​တွေနဲ့ဆန့်ကျင်စွာဘဲ သူမက ဘာဂုဏ်သိက္ခာကိုမှမြှင့်တင်ဖို့စိတ်မ၀င်စားဘူး..ဒီလိုလုပ်မှသာ ဇာတ်လိုက်​ကောင်ကိုချစ်ခင်​လေးစား​နေတဲ့သူ​တွေကို ​သွေးခွဲ​ပေးနိုင်မှာမို့လို့ပဲ...

'မင်းသူတို့နှစ်ကိုတိတ်တ်ိတ်​လေး​နှောင့်ယှက်ချင်တယ်ဆိုရင် သူတို့နှစ်​ယောက်​ပေါင်းဖက်ဖို့ အရင်ဆုံးကူညီ​ပေးလိုက်ပါ..အဲ့လိုဆိုရင် ဇာတ်လိုက်​ကောင်ကမင်းကိုချီးကျူးလိမ့်မယ် : ဒီ​ကောင်မ​လေးချစ်ဖို့​ကောင်းတာပဲ ဆိုပြီး​တော့​ပေါ့

ဒါ​ပေမယ့် မင်း သူတို့ကို​ပေါ်တင်ကြီး​နှောင့်ယှက်မယ်ဆိုရင်​တော့ ဒါကမတူ​တော့ကိစ္စဖြစ်သွားပြီ...မင်းက မနာလို​နေတာပဲ...'

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now