Arc 5.21

5.2K 775 11
                                    

Unicode

"မင်းတို့တွေဒီနေရာမှာဘာရပ်ကြည့်နေကြတာလဲ''
ဦးလေးကျန်းကအစောင့်တွေအုပ်စုလိုက်ကြီးအပြင်မှာရပ်နေတာကိုမြင်တော့စိတ်ရှုပ်ရှုပ်နဲ့မေးလိုက်တယ်
"သခင်လေးတစ်ခုခုဖြစ်ရင်မင်းတို့တာဝန်ယူနိုင်လို့လား"

"မမ​လေးပေ့အထဲမှာရှိတယ်"
အစောင့်တစ်ယောက်ကလေသံဖျော့ဖျော့လေးနဲ့ပြောလိုက်တယ်

"သူမ.,အဲ့ဒါဆိုပိုတောင်ဆိုးသေးတယ်မင်းတို့ကသခင်လေးကိုသူမလက်ထဲကနေဘာလို့မကာကွယ်ကြတာလဲ
"ဦးလေးကျန်းကတံခါးဖွင့်ဖို့လုပ်​နေတာ​ကြောင့်အစောင့်​တွေကမြန်မြန်ဆန်ဆန်ပဲသူ့ကိုတားလိုက်ပြီး သူတို့နှစ်ယောက်ရဲ့ယခုအခြေအနေကိုမနှောက်ယှက်ချင်တာကြောင့်ပြတင်းပေါက်ကနေပဲချောင်းကြည့်ဖို့တိုက်တွန်းလိုက်တယ်
ပိုဆိုးတာကမိန်းကလေးဘက်ကအားသုံးဖို့ကြိုးစား​နေတာ​တောင်သခင်လေးကဒေါသနဲ့ပြန်အော်မနေတာဘဲ

အခန်းထဲမှာတော့မိန်းကလေးတစ်ယောက်ကကုတင်ပေါ်မှာတည်ငြိမ်စွာလဲလျောင်းနေပြီးတော့ယောကျ်ားလေးရဲ့လက်မောင်းတွေကတော့အဲဒီမိန်းက​လေးရဲ့ခါးကိုဖက်ထားပြီးသူမရဲ့ရင်ဘက်ပေါ်မှာအိပ်နေတယ်

ဒီမြင်ကွင်းမှာမှာဖော်ပြမရတဲ့အလှတရားတွေရှိနေတယ်

"ဘာတွေဖြစ်ကုန်တာလဲ"
ဦးလေးကျန်းကသူ့မျက်လုံးတောင်သူမယုံနိုင်ဘူးဖြစ်နေတယ်

"သခင်လေးကိုဆေးတိုက်ပြီးတဲ့အချိန်မှာမမ​လေးပေ့ကချက်ချင်းထွက်မသွားတော့သခင်လေးကသူမကိုဆွဲထားတာ"
အစောင့်တွေကအခွင့်အရေးကိုအမိအရယူပြီးရှင်းပြကြတယ်

ဦးလေးကျန်းရဲ့အမူအရာကနည်းနည်းတော့ပြောင်းလဲသွားပြီးသက်ပြင်းချလိုက်တယ်

"ဦးလေးကျန်း,မမ​လေးပေ့ကသခင်လေးရဲ့ကျန်းမာရေးကိုပိုကောင်းအောင်လုပ်ပေးနိုင်မယ်လို့ထင်လား"အစောင့်တွေထဲကတစ်ယောက်ကသတိထားပြီးမေးလိုက်တယ်

ဦးလေးကျန်းကတော့ခေါင်းခါလိုက်တယ်
သူ့ပုံစံကအရမ်းကိုစိုးရိမ်လွန်းနေပုံပဲ
"ဆရာဝန်ပြောတာကတော့ဆေးကုသမှုကသူ့အတွက်အလွန်ဆုံးနေမှနှစ်ဝက်ပဲခံနိုင်လိမ့်မယ်တဲ့...တကယ်လို့သာသေချာကုသမှုမခံယူဘူးဆိုရင်နှစ်လလောက်ပဲခံတော့မယ်တဲ့...,အခုဆေးဝါးကသူ့ကိုအများကြီးမကူညီနိုင်တော့ဘူး....,နိုင်ငံခြားမှာသာဆေးကုသမှုခံယူမယ်ဆိုရင်တော့...ဒီကိစ္စက...."
ဦးလေးကျန်းကသက်ပြင်းပဲလိုက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now