Arc 6.15

3.1K 589 39
                                    

Unicode

တိုင်ကွန်းရဲ့စကား​ကြောင့် နှလုံးသားကင်းမဲ့​သော က ပါးစပ်ပိတ်သွားတယ် နတ်ဘုရားတိုင်ကွန်း နဲ့ နှင်းပွင့်​လေးတို့ကြားက မရှင်းမလင်းဆက်ဆံ​ရေးကို သူတို့အားလုံးသိကြပြီးသားပဲ​လေ...
နှင်းပွင့်​လေးလုပ်လိုက်လို့ ​​ခေါင်းစဥ်လွဲသွားတာ​ကြောင့်  မူလအဓိကအ​ကြောင်းအရာ​ရောက်​အောင် မနည်းပြန်လုပ်လိုက်ရတယ်

လီရှို့ : [...မင်းပါးစပ်ကိုပိတ်ပြီးထွက်သွားလိုက်​တော့ ...]

ချစ်မိ​နေတဲ့ မုလီ ​လေး : [...အကိုလီ....ဘယ်လိုလုပ်မှ ရှင်ကျွန်မကိုယုံမှာလဲ...]

မိုင်တစ်​ထောင်​တေးဂီတ : [ ​ကောင်မ​လေး....မင်း​ပြောတာ တကယ်ပဲအမှန်ဆိုရင် သက်​သေ​​လေး​တော့ပြသင့်တယ်​နော်..]

သက်​သေမရှိဘူးဆိုရင် မင်း​ပြောသမျှက ​လေလို​ပျောက်ကွယ်သွားမှာပဲ

ချစ်မိ​နေတဲ့ မုလီ ​လေး : [ နင့်ကိုဘယ်သူ​မေးလို့လဲ ]

'...၀သဖ!!! ဘာဖြစ်ရတာလဲ ​ဘော်ဒါရယ်...ငါ​လေးက နင့်ကို​စေတနာနဲ့​ပြောပြတာပါ​နော်..'

System ​ကြေညာချက်

ကစားသူ မိုင်တစ်​ထောင်​တေးဂီတသည် ကစားသူလီရှို့ကို ဆု​ကြေး1gထားပါသည်
သတ်မှတ်ချိန် 10မိနစ်

'ဇာတ်လိုက်​ကောင်မှာ ကိုယ့်အရှုပ်ထုပ်​တွေလုပ်သမျှအတွက် တာ၀န်ရှိတယ် '

World chatတစ်ခုလုံး "........"

​လေညှင်းခံရတာကြိုက်သူ : [  သူမအခုဘာ​တွေကြံစည်​နေပြန်ပြီလဲ....မိုင်တစ်​ထောင်​တေးဂီတနဲ့ မင်ရည်ရှာ​ဖွေသူက အချစ်အမုန်းဆက်ဆံ​ရေးကြားမှာ လွန်ဆွဲ​နေကြတာမဟုတ်ဖူးလား..]

ချစ်မိ​နေတဲ့မုလီ ​လေး: [ ​တေးဂီတ...နင် ဘာဖြစ်လို့အကိုလီ ကို ဆု​ကြေးထုတ်တာလဲ..ရူး​နေပြီလား ]

မိုင်တစ်​ထောင်​တေးဂီတ : [ ဘာလို့လဲဆို​တော့ ငါသူ့ကိုကြိုက်လို့​လေ...​ဆု​ကြေးထုတ်တာက အကိုလီ ငါ့ကိုသတိထားမိလာ​အောင်လုပ်ဖို့အတွက်အ​ကောင်းဆုံးအခွင့်အ​ရေးပဲ]

'ဖွီး!!!!...ဆု​ကြေးထုတ်ပြီး attentionယူတယ်​ပေါ့ '

စည်းချက်နဲ့အတူကလိုက်ကြစို့ : [ ​တေးဂီတ က မင်ရည်ရှာ​ဖွေသူ တာ့ရှန်းကိုစွန့်ပစ်​တော့မလို့ ကြံစည်​နေတာလား...မဖြစ်ရဘူး​နော်...မင်းတို့၂​ယောက်ကမှ တရား၀င်စုံ​တွဲ​တွေပဲ .... မင်းတို့အတွဲသာ မရှိရင် ​လောကကြီးက ပြသနာရှာမယ့်လူမရှိလို့
ပျင်းစရာအရမ်း​ကောင်းသွားလိမ့်မယ် ]

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now