Arc 6.32 End

4.9K 666 35
                                    

Unicode

ရှီရှန်းက သူမဓားကိုဆွဲထုတ်ပြီးတော့ကျီယန်ကိုရွယ်လိုက်တယ်
'' ရှင်ကျွန်မကိုကောင်းကောင်းဆက်ဆံတာနဲ့ပဲကျွန်မကရှင့်ကိုကြိုက်လာလိမ့်မယ်လို့ထင်နေတာလား''

ကျီယန်ကမျက်မှောင်ကြုတ်လိုက်တယ်
သူက​ဘေးကိုခုန်ထွက်သွားပြီးတော့ရှီရှန်းရဲ့ပါးကိုဖျက်ခနဲနမ်းပြီးထွက်သွားတယ်

ကျီယန်ကိုလျစ်လျူရှုဖို့အတွက်ရှီရှန်းကဂိမ်းတွေပြန်ဆော့လာတယ်
ကျီယန်ကသူမဂိမ်းပြန်ဆော့နေတာကိုတွေ့တဲ့အခါမှာသူမဆော့တဲ့ဂိမ်းထဲဝင်ပြီးသူမကိုကူညီပေးတယ်

သူတို့နှစ်ယောက်ဂိမ်းဆော့လို့ပြီးတာနဲ့အဲ့ဂိမ်းကိုဖျက်ဆီးပြီးတော့နောက်ထပ်အခြားဂိမ်းတွေဆက်ဆော့တယ်

သူတို့နှစ်ယောက်ကဂိမ်းလောကမှာကျော်ကြားလာတယ်သူတို့ကိုnicknameလေးတောင်ပေးလိုက်ကြသေးတယ်
'ဂိမ်းလောကရဲ့မပြီးနိုင်သောကပ်ဘေးများ'

သူတို့ဆော့ပြီးတဲ့ဂိမ်းတိုင်းကနာမည်တွေကြီးလာတယ် ကျီယန်ကသူမကိုဂိမ်းထဲမှာကောင်းကောင်းဆက်ဆံပေမယ့်ရှီရှန်းကမကျေနပ်သေးဘူးသူမကသူ့ကိုလုံးဝကိုမကြိုက်နိုင်တာ

"မမ​လေး...မနက်ဖြန်မှာတက်ရမယ့်ပါတီပွဲရှိပါတယ်''
အိမ်တော်ထိန်းကရှီရှန်းကိုဖိတ်စာတစ်ခုပေးတော့ကျီယန်ကကြားဝင်လက်ခံလိုက်တယ်

ရှီရှန်းကကျီယန်ကိုစိုက်ကြည့်ပြီးတော့စာအိတ်ကိုဖွင့်လိုက်တယ်

"စေ့စပ်ပွဲ???....တုန်းဖန်းလီ??? ...စန်းယွီ??''
ရှီရှန်းက ဒီဟာကိုမယုံကြည်နိုင်ဖြစ်နေတယ်

'ဒီနှစ်ကောင်ကဘယ်လိုဖြစ်တာတုန်း...စာရေးဆရာကအရမ်းကိုပဲ....ဒီလောက်ဖြစ်ပြီးတာတောင်ပေးလက်ထပ်ခိုင်းတယ်...''

"အမှန်တကယ်တော့...ဆရာကမမ​လေးကိုလေကောင်းလေသန်ထွက်ရှူခိုင်းရုံပါပဲ,. .,''
အိမ်တော်ထိန်းကရှင်းပြတယ်

"​ကောင်းပြီ''.
..ရှီရှန်းကလက်ခံလိုက်တယ်
'အနည်းဆုံးတော့...အဲ့ဇာတ်လိုက်နှစ်ကောင်ကိုသွားကြည့်ရမှာပေါ့'

.................

ကျီယန်ကအကြောက်အလန့်မရှိဘဲနဲ့ရှီရှန်းဘေးကနေတွဲပြီးပါတီကိုတက်တယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now