Arc 10.39 to extra

6.7K 583 16
                                    

Unicode

10.39
"မစ္စမီနိုင်း, " အထူးအဖွဲ့ရဲ့ခေါင်းဆောင်ကဖော်ရွေမှုရှိတဲ့ အဘိုးတစ်ယောက်ဖြစ်ပြီးတော့အဖွဲ့သားတွေကသူ့ကိုချစ်ခင်ကြတယ်

ဒါပေမဲ့သူစကားဆက်မပြောရသေးခင်မှာဘဲ, အရှေ့ကမိန်းကလေးကလက်ဝြှေ့ပလိုက်တယ်
"ရှင်တို့ကြည့်ရတာကလည်းပင်ပန်းလိုက်တာ,ထိုင်ကြပါ"

အထူးအဖွဲ့"....."
'ဒီဗန်ပိုင်းယားဘုရင်မကတကယ်ကိုအခြားသူတွေနဲ့မတူတာပဲ'

လူတိုင်းထိုင်ပြီးတာနဲ့ အဘိုးကချောင်းဟန့်လိုက်ပြီးစကားစပြောတယ်
"မစ္စမီနိုင်း,ကျွန်တော့နာမည်က ကျောက်ဖေးဖြစ်ပြီးတော့ ဒီအထူးအဖွဲ့ရဲ့အကြီးအကဲပါ"

ရှီရှန်း ကခေါင်းမော့ပြီးသူ့ကိုကြည့်လိုက်တယ် သူမရဲ့ဆံချည်တွေကမျက်နှာပေါ်ကျလာတယ်,
"ရှင်တို့က ပြောတော့အထူးအဖွဲ့ဆိုပြီး,ခေါင်းဆောင်ရာထူးကြတော့, အကြီးအကဲတဲ့လား"

ကျောက်ဖေး"!!!..."
'အကြီးအကဲလို့အခေါ်ခံရတာပဲမလုံလောက်သေးဘူးလား'

ဒါပေမဲ့သူဘယ်လိုရှင်းပြမလဲ?
အကြီးအကဲလို့အခေါ်ခံရတာသူ့အတွက်ကောင်းနေပြီဆိုပေမယ့်သူ့ပုံစံကတော့လေတိုက်တောင်မခံနိုင်တဲ့အဘိုးဖြစ်နေပြီ

အဘိုးကအော်ရယ်လိုက်တယ်
"မစ္စမီနိုင်း,ကျွန်တော့်ကိုဘယ်လိုခေါ်ကြတယ်ဆိုတာကအရေးမကြီးပါဘူး,ကျွန်တော်တို့မျိုးနွယ်စုအကြောင်းပဲဆွေးနွေးရအောင်လေ"

"ကိစ္စတွေကရှင်းနေပြီးသားမဟုတ်ဘူးလား,"

ကျောက်ဖေး"......"
'မင်းတို့ဗန်ပိုင်းယားမျိုးနွယ်တွေအတွက်တော့ကိစ္စကရှင်းမှာပေါ့,ဒီနှုန်းနဲ့သာဆိုငါတို့လူသားတွေအကုန်ဗန်ပိုင်းယားဖြစ်ကုန်တော့မယ်,*စားပွဲကိုလှန်လိုက်သည်*
ဘယ်သူကဒီကလေးမကပြောရဆိုရလွယ်တယ်လို့ပြောလိုက်တာလဲ'

ကျောက်ဖေးရဲ့စိတ်ထဲမှာသူ့အထူးအဖွဲ့သားတွေကအသုံးမဝင်ဘူးလို့ထင်သွားတယ် ဒီကလေးမကစည်းကမ်းတောင်လိုက်နာမှုမရှိဘူး

"အဲ့တော့ရှင်ကငြိမ်းချမ်းရေးအတွက်ဆွေးနွေးချင်နေတာလား"
ကျောက်ဖေးကခေါင်းစဉ်မြှင့်တော့မယ့်အချိန်မှာ,သူ့ရှေ့မှာရပ်နေတဲ့မိန်းကလေးကရုတ်တရပ်စကားပြောတယ်
သူပျော်သွားပြီးခေါင်းကိုထပ်ခါထပ်ခါငြိမ့်တယ်
"ဒီလိုပုံစံသာဆက်ဖြစ်နေမယ်ဆိုရင်, မျိုးနွယ်နှစ်ခုလုံးအတွက်ပိုဆိုးလာလိမ့်မယ်,ဒါကိုမစ္စမီနိုင်းနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်"

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now