Arc 7.26

3.9K 642 24
                                    

Unicode

နောက်ဆုံးမှာတော့ရှီရှန်းကသူတို့ကိုမနိုင်နိုင်မှန်းလဲသိရောမြွေသိုက်ကိုပြဿနာရှာလိုက်ပြီးတော့ဝံပုလွေဘုရင်ဆီကိုမြှားခေါ်သွားတယ်

နှစ်ဖက်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကပြင်းထန်တယ်

နှစ်ဖက်လုံးကသူ့အဖွဲ့နဲ့သူတိုက်ခိုက်ပြီးတော့အသားစားသတ္တဝါတွေဖြစ်တာ​ကြောင့် အရင်ကတည်းက တစ်ဖက်နဲ့တစ်ဖက်ရန်ငြိုးရှိတယ်သူတို့ကအစာအတွက်မဟုတ်ရင်သိက္ခာအတွက်တိုက်ခိုက်ကြတယ်

မြွေဘုရင်ကပုံမှန်အားဖြင့်ဝံပုလွေဘုရင်ထပ် အက်အားပိုကြီးတာကြောင့်ဝံပုလွေဘုရင်ရှုံးသွားတယ်
ဒါပေမဲ့သူကမသေချင်သေးတာကြောင့်ချင်လန်ယွဲ့နဲ့အလဲအလှယ်လုပ်တယ်

မြွေဘုရင်ကသူ့အနေနဲ့တောထဲမှာအမျိုးသမီးလူသားတွေ့ရတာရှားတာကြောင့်သဘောတူလိုက်တယ်အဲ့လိုနဲ့ချင်လန်ယွဲ့ကမြွေဘုရင်ဆီကိုရောင်းစားခံလိုက်ရတယ်

ရှီရှန်းက ဇာတ်လမ်းကိုအရမ်းကြီးပြောင်းမိလိုက်လို့ဇာတ်လမ်းမှာလည်း,ချင်လန်ယွဲ့ကဒီလောက်ထိဖြစ်သွားတယ် သူမမှာမြွေသားရဲတွင်းကပြန်လွတ်လာဖို့ဆိုတာလည်းအခွင့်အရေးမရှိဘူး

......

ရှာပါးရတနာကမကြာခင်​ပေါ်​ပေါက်လာတော့မယ်ဆိုတဲ့သတင်းကိုတော်ဝင်မိသားစုကအရင်ရသွားတယ် သတင်းကဆက်သွယ်ရေးကျောက်စိမ်းတွေရှိနေတဲ့ဂိုဏ်းတိုင်းကိုပြန့်သွားတယ်

လူတိုင်းကနေရာတစ်ခုတည်းကိုပဲစုဝေးလာကြပြီးတော့လူတွေအုတ်အုတ်သဲသဲဖြစ်ကုန်တယ်

ရှီရှန်းက အဓိကအဖွဲ့နဲ့အဲ့နေရာကိုလိုက်သွားတယ် သူမရောက်တဲ့အချိန်မှာအဲ့နေရာမှာလူသားကျင့်ကြံသူ​တေ​ရော ​မှော်သားရဲ​တွေပါ အများကြီးရှိနေကြတယ်

သူတို့အုပ်စုနှစ်ခုရဲ့ကြားထဲမှာရေကန်တစ်ခုရှိနေပြီး နှစ်ဖက်လုံးက​ရေကန်လယ်ကပစ္စည်းတစ်ခုတည်းကိုစိုက်ကြည့်နေကြတယ်

ရေကန်ရဲ့အလယ်မှာကြာပန်းပုံစံပန်းတစ်ပွင့်ရှိနေပြီးတော့ပွင့်ချပ်တွေကအ​ရောင်ခုနှစ်ရောင်စီခြယ်ထားတယ်

ရှီရှန်း  (ရှီရှန်း) Book 2  Arc 5 to Arc 10Where stories live. Discover now